ဘေဘီကြောင့်ရူးသွပ်ခြင်း

70.7K 6K 286
                                    

အပိုင်း ၁၂ ။ ဘေဘီကြောင့်ရူးသွပ်ခြင်း ။

                            ( Unicode )

အခန်းထဲကထွက်လာတာနှင့် ရှန်မီယောင်း ကို စောင့်နေတဲ့ ရန်ကျိုးဝေအဆင်သင့်ရှိနေတယ်။ စုကျုံ့ထားတဲ့မျက်မှောင်နှင့်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေအပြင် ဗလာသက်သက်ဖြင့်ဒေါသမီးတောက်လောင်နေတဲ့ရှန်မီယောင်းမျက်နှာသွင်ပြင်ကြောင့် ရန်ကျိုးဝေမှာအပြင်ပိုင်းတည်ငြိမ်နေသလောအတွင်းမှာထိတ်လန့်နေရသည်။ ရှန်မီယောင်းဝိုင်သိုလှောင်ခန်းဘက်ဆီသို့လျှောက်သွားတော့ ရန်ကျိုးဝေလည်းနောက်ကနေတိတ်ဆိတ်၍သာလိုက်ပါခဲ့သည်။

ဒုတိယထပ်မှာရှိတဲ့ ဝိုင်သိုလှောင်ခန်း ဆိုတာက ရှန်မီယောင်း ရဲ့ ဒုတိယအိပ်ခန်းဆိုလဲ မမှားသလို ရှန်မီယောင်း စိတ်ညစ်တိုင်းပေါက်ကွဲတတ်တဲ့ နေရာတစ်ခုဆိုလည်းမမှားပေ။ ထိုအခန်းဟာ များသောအားဖြင့် ရှန်မီယောင်းကြိုက်တတ်တဲ့ ဝိုင်ပုလင်းပေါင်းများစွာကိုထားရှိသော်လည်း ထိုအခန်းထဲမှာပဲဝိုင်သောက်ရင်းအချိန်ကုန်ဆုံးတတ်တဲ့ ရှန်မီယောင်းကြောင့် နားနေခန်းပုံစံမျိုးအဖြစ် အိပ်ဆောင်ပါထည့်သွင်းထားလိုက်ခြင်းဖြစ်သည်။ ဒါ့ကြောင့် ရန်ဖန်ရန်ခါ ထိုအခန်းတွင်ရှန်မီယောင်းအိပ်တတ်သည်။

အခန်းထဲရောက်တာနှင့်အိပ်ခန်းထဲမှာအဆင်သင့်ပြင်ထားတဲ့ ဘားတန်းနေရာဆီက နှစ်ချို့ဝိုင်ကို ဖောက်သောက်ရင်း မှန်ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ အေးစက်တဲ့လေသံနဲ့ ရန်ကျိုးဝေ ကိုပြောလိုက်သည် ။

"ဘယ်သူလုပ်တာလဲစုံစမ်း..နောက် 1 နာရီအတွင်း အဲ့ကောင်တွေကို စီရင်ခန်း မှာ ရောက်နေရမယ် "

" နားလည်ပါပြီသခင်ကြီး "

ပြောပြီးသည်နှင့် ရန်ကျိုးဝေ ကိုထွက်သွားခိုင်းလိုက်သည် ။ ရှန်မီယောင်း သူ့ရှိနေရက်သားနဲ့ ရှန်းကူ အခုလိုဖြစ်ရတယ်ဆိုတဲ့အတွေးက သူ့ကိုသတ်နေသလိုပဲ။ ရှန်းကူရဲ့နာကျင်လွန်းလို့ ငိုကြွေးနေတဲ့မျက်နှာလေးကို မြင်ယောင်မိတိုင်း သူ့ဒေါသတွေအဆမတန် ပိုဆိုးလာခဲ့သည်။ သူဘာလို့ဒီကလေးတစ်ယောက်ကိုတောင်မကာကွယ်နိုင်ရတာလဲ ?။ ထိုစကားတစ်ခွန်းသာရှန်မီယောင်းဦးနှောက်ထဲတဝဲလည်လည်ဖြစ်လို့နေတော့သည်။

 BABY IS MY LIFE Where stories live. Discover now