အတိတ်နေ့ရက်ဆီသို့ ၂

50.5K 4.6K 223
                                    

အပိုင်း ၁၉ ။ အတိတ်နေ့ရက်ဆီသို့ ၂

                       ( Unicode )

နောက်တစ်နေ့မနက်ကျောင်းရောက်တဲ့အချိန်မှာ ရှန်မီယောင်းဒီနေ့အတွက်သူအပြီးသတ်စရာရှိတဲ့မှတ်စုစာတစ်ချို့နဲ့ သင်ခန်းစာတစ်ချို့ကိုလက်စသတ်လိုက်သည်။ ပြီးတာနဲ့ အချိန်မဆွဲတော့ပဲ အတန်းကျော်စာမေးပွဲအတွက်အချိန်ညှိနှိုင်းရန် တာဝန်ကျဆရာမဆီသွားလိုက်သည်။

*ဒေါက်*ဒေါက်*

" ဝင်ခဲ့ပါ "

ဆရာမကရှန်မီယောင်းကိုတွေ့လိုက်တော့ သူ့လက်ကနာရီကိုတစ်ချက်ပြန်ကြည့်ကာပြောလာသည်။

" သားရှန် ဒီအချိန်က ဆရာမတို့ညှိထားတဲ့ စာမေးပွဲအချိန်မဟုတ်ပါဘူး။သား အချိန်မှားလာတာလား"

"အချိန်မမှားပါဘူးဆရာမ ကျွန်တော်စာမေးပွဲဖြေမယ့်အချိန်ကိုပြန်ညှိချင်လို့ပါ "

" ဘာလို့လဲ အရေးကြီးကိစ္စမဟုတ်ရင် ဆရာမတို့ ညှိပေးလို့အဆင်ပြေမယ်မထင်ဘူး "

" အရေးကြီးတယ်။ တကယ်လို့ ဆရာမတို့ဘက်က အချိန်မညှိပေးနိုင်ရင် ကျွန်တော် အတန်းတင်စာမေးပွဲမဖြေဆိုတော့ဘူး "

တင်းမာတဲ့စကားနဲ့ ထုံးစံအတိုင်း သူ့မျက်နှာကို ခပ်တည်တည်ပဲထားကာ ဆရာမကိုထိုသို့ပြောလိုက်တာကြောင့် ဆရာမကိုယ်တိုင်လည်းဘာဆက်ပြောရမလဲမသိဖြစ်သွားတော့သည်။  ရှန်မီယောင်း က တစ်ကျောင်းလုံးမှာ IQ အမြင့်ဆုံး ကျောင်းသားတစ်ယောက်​ဖြစ်တဲ့အပြင် ငယ်ရွယ်ပေမယ့်အဖက်ဖက်မှာထူးချွန်သေးတယ် ။ ဒါ့ကြောင့် ဒီလိုကလေးမျိုးကို ဒီကျောင်းကလက်လွတ်ခံလို့ လုံးဝမဖြစ်ပေ ။

ပြီးတော့ ဒီကလေးက အထင်ကရမိသားစုကြီး ငါးစုရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ ရှန်သခင်လေး မဟုတ်လား ။

" ကောင်းပါပြီ ဆရာမ အချိန်ညှိပေးပါ့မယ်။ နောက်တစ်နာရီလောက်နေရင် ဆရာမတို့စာစစ်ကျတာပေါ့"

"ကျေးဇူးပါ ဆရာမ "

ပြေပြီးတာနှင့် ရှန်မီယောင်းခပ်တည်တည်ပဲပြန်ထွက်သွားပြီး စာပြန်နွေးနေလိုက်သည်။ နောက်တစ်နာရီလောက်နေတော့ ဆရာမတစ်ယောက် ဆရာနှစ်ယောက်က ရှန်မီယောင်းတို့စာမေးပွဲအခန်းထဲမှာထိုင်စောင့်နေကြသည် ။ သေချာတာပေါ့ ရှန်မီယောင်းကြောင့် တခြားကျောင်းသားတွေရဲ့အတန်းတင်စာမေးပွဲအချိန်ကိုပါပြန်ပြောင်းလို့မရဘူးလေ။ အဲ့တာကြောင့် ရှန်မီယောင်းဖြေမယ့်အချိန်နဲ့အတူတူဖြေမယ့်သူရှိရင်သာလက်ခံပြီးအကြောင်းပြချက်တစ်ခုလုပ်ကာ သီးသန့်စာမေးပွဲအခန်းလုပ်ခဲ့ရသည်။ ဒါဟာ ကျောင်းစည်းကမ်းနဲ့အနည်းငယ်မကိုက်ညီသော်လည်း ကျောင်းအုပ်ကြီးကိုယ်တိုင်ကလိုလိုလားလားလက်ခံတာကြောင့် ကျန်တဲ့သူတွေကဘာပြောနိုင်မှာလဲ ။ ပြောနိုင်ရင်တောင် ဘယ်သူမှမပြောရဲချေ။

 BABY IS MY LIFE Where stories live. Discover now