မင်းက ကိုယ့်အပိုင်🔞

128K 6.6K 529
                                    

အပိုင်း ၁၃ ။ မင်းက ကိုယ့်အပိုင်!

                       ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
______________________________________

ရှန်မီယောင်း အားကြီးနဲ့ လည်ပင်းညစ်ထားနေတဲ့ကြားက ရှန်းကူ နောက်ဆုံးစိတ်ကိုတင်းကာ ရှန်မီယောင်းကိုခေါ်လိုက်သည်။

"ကိုကို"

ရှန်းကူ ခေါ်လိုက်တဲ့စကားသံကြောင့် ရှန်မီယောင်းမျက်လုံးမှေးစဥ်းလျှက်တခဏစဥ်းစားကာ သူလည်ပင်းညစ်ထားမိတဲ့ ရှန်းကူကိုသေချာစိုက်ကြည့်ပြီးတုန်လှုပ်စွာအသိဝင်လာခဲ့သည်။

"အဟွတ်! အဟွတ်!အဟွတ် !!!"

ရှန်မီယောင်းလက်ကလွတ်တာနဲ့ချက်ချင်းပင် ရှန်မီယောင်းနဲ့ဝေးရာထောင့်တစ်နေရာမှာထိုင်ရင်း သူ့လည်ပင်းကို ကိုင်ကာချောင်းအဆက်မပြတ်ဆိုးနေတဲ့ ရှန်းကူကြောင့် ရှန်မီယောင်းစိတ်တွေပူထူသွားရသည်။

*ငါ ငါဘာတွေလုပ်မိတာလဲ။ ရှန်းအာ ကို ငါသတ်မိတော့မလို့... *

" ရှန်းအာ ...."

အခုမှအသိတရားဝင်လာတဲ့ရှန်မီယောင်းဟာအသံတုန်ယင်လို့နေသည်။ ထို့အတူ ရှန်းကူရှိရာဆီကိုဖြည်းဖြည်းချင်းသွားကာ ရှန်းကူရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ပြီး မျက်နှာလေးကိုကိုင်ဖို့ပြင်လိုက်ပေမယ့် ကြောက်ရွံ့နေဆဲရှန်းကူကခေါင်းကိုနောက်ဆုတ်လိုက်တာကြောင့် ရှန်မီယောင်းသွေးပျက်လာမိသည်။

" ရှန်းအာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ကြောင့်ထပ်ထိခိုက်မိပြန်ပြီ။ ကိုယ် ကိုယ်မရည်ရွယ်ပါဘူးကွာ ။ ကိုယ်တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော်"

"......"

ရှန်မီယောင်း ဒူးထောက်လျှက်ပင် ရှန်းကူ နဲ့စကားထပ်ပြောရန် ပြင်လိုက်ပေမယ့် ရှန်မီယောင်း ကို ကြောက်ရွံ့နေတဲ့ ရှန်းကူ က ကြောက်လွန်းလို့ အသားတွေပင်တုန်ယင်နေသည် ။

"ရှန်းအာ ကိုယ့်ကိုကြောက်နေတာလား"

"....."

"ကိုယ် .. ကိုယ့်ကိုကြောက်နေရင် ကိုယ် ရှန်းအာ ရဲ့အဝေးမှာသွားထိုင်ပေးမယ်နော်။ ကိုယ် ရှန်းအာကိုထပ်ထိခိုက်အောင်မလုပ်တော့ပါဘူး ကိုယ့်ကိုမကြောက်ပါနဲ့နော် "

 BABY IS MY LIFE Where stories live. Discover now