သူ့ကိုရိုက်လိုက်တာမင်းလား!

63K 5.1K 522
                                    

အပိုင်း ၂၅ ။သူ့ကိုရိုက်လိုက်တာမင်းလား!

                        ( Unicode )

ကျောင်းဆေးပေးခန်းကုတင်ပေါ်မှာ မေ့မျှောနေတဲ့ ရှန်းကူကိုကြည့်ပြီး ဖန်းဇီနဲ့ရွမ်းဝူတို့ မျက်နှာမကောင်းကြပေ။သူတို့ကြားထဲကပြသာနာထဲကိုရှန်းကာတားနေရက်နဲ့ဖြစ်ခဲ့ပြီး ရှန်းကူကိုပါထိခိုက်စေမိတာကြောင့် သူတို့နှစ်ယောက်လုံးနောင်တရနေတော့သည်။ ကျောင်းဆေးခန်းဆရာဝန်ကရှန်းကူကိုစမ်းသပ်ပေးပြီးတာနဲ့ ခေါင်းကိုဆေးပတ်တီးစည်းပေးကာ ဆေးထိုးပေးထားတာကြောင့်အိပ်မောကျနေသည် ။

အတန်းပိုင်ဆရာမ နဲ့ ကျောင်းအုပ်လည်း ရှန်းကူ ရဲ့အခြေနေကို စောင့်ကြည့်နေသည် ။

" ဒီကလေး ဘယ်လိုနေသေးလဲ ဆရာမ "

" အခုတော့အဆင်ပြေသွားပါပြီ မေ့ဆေးအရှိန်နဲ့ နောက်နှစ်နာရီလောက်ထိ အိပ်ပျော်နေလိမ့်မယ်"

ဆရာဝန်ပြောပြီးတာနဲ့အတန်းပိုင်ဆရာမကရှန်းကူကိုကြည့်ပြီးစိတ်မသက်မသာဖြစ်နေရသည်။ အဲ့အချိန်ကျောင်းအုပ်ကြီးရောက်လာပြီး...

" အတန်းပိုင်ဆရာမ သူတို့မိဘတွေဆီ ဖုန်းခေါ်ပြီး အခုလာခဲ့ခိုင်းလိုက်ပါ။ ပြီးတော့ ရှန်းကူမိဘတွေကိုပါတစ်ခါတည်းဖုန်းခေါ်လိုက်တော့။ ဟေ့ကောင်တွေ မင်းတို့အခုရုံးခန်းလိုက်ခဲ့ကြ ! "

ပြောပြီးတာနဲ့ကျောင်းအုပ်ကြီးကဒေါသတကြီးစိုက်ကြည့်ကာပြန်ထွက်သွားသည်။ အရမ်းစိတ်ဆိုးနေပုံရတဲ့ကျောင်းအုပ်ကြီးရဲ့စကားကြောင့် ဖန်းဇီနဲ့ရွမ်းဝူတို့အခက်တွေ့နေရပြီ။ ဖန်းဇီ တို့က သူတို့မိဘတွေကိုခေါ်ရမှာအတွက် ကိစ္စမရှိပေမယ့် ရှန်းကူ မိဘတွေဆီဖုန်းခေါ်ဖို့ကျတော့ အဆင်မပြေ ။နဂိုတည်းက ရှန်းကူ မိဘတွေက ရှန်းကူကိုပြစ်ပယ်ထားတာမဟုတ်လား အခုကိစ္စအတွက်သာကျောင်းကိုအခေါ်ခံရရင် သေချာပေါက်အပြစ်တင်ခံရမယ်ဆိုတာ ဖန်းဇီတို့ကသိသည်။ ထို့ကြောင့် ရွမ်းဝူက ဆရာမဘက်လှည့်ကာ...

" ဆရာမ ဒီပြသာနာက ရှန်းကူ နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့မိဘတွေကိုခေါ်ပါ့မယ်..ဒါပေမယ့် ရှန်းကူမိဘတွေကို ခေါ်ဖို့ကျတော့... "

 BABY IS MY LIFE Where stories live. Discover now