Happy Ending 👨‍👨‍👦❤

63.3K 3.5K 248
                                    

အပိုင်း ၆၅ ။ ပျော်ရွင်စရာကောင်းတဲ့မိသားစုဘဝလေး ❤...

                       ( Unicode )

အရင်က ကစားစရာလေးတွေနဲ့ပျော်ရွင်စရာကောင်းတဲ့နေရာလေးတစ်ခုဟာ အခုချိန်မှာတော့ ဟိုအရင်စိုက်ပျိုးခဲ့တဲ့ဆာကူယာပန်းတွေမြေခကြွေလွင့်နေပြီး သစ်ပင်အကိုင်းအဖျားမှာပွင့်ဝေဆာနေသည်။ ရှန်မီယောင်းဘဝမှာ ငယ်ရွယ်စဥ်အချိန်ကတည်းက နောက်ဆုံးနေ့ရက်ထိတိုင် ဒီနေရာလေးမှာ အမှတ်တရပေါင်းများစွာရှိနေခဲ့တယ် ။

အမှတ်မထင်တွေ့ဆုံမှု့... ၊

" ဟိတ် ကိုကို..ကိုကိုရေ "

" မင်းဘယ်သူလဲ "

​ဘေဘီ ဆိုတဲ့နာမ်စားလေးနဲ့အတူ သေးငယ်တဲ့မင်းလေးဆီကရရှိခဲ့တဲ့နွေးထွေးတဲ့ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်နှောင်ကြိုးလေးတွယ်မိခဲ့တဲ့ လူကြမ်းကြီး ကိုယ် ၊

" ဘေဘီ ကိုကိုကုန်းပိုးမယ်လေ စီးချင်လား? "

" ဟင့် ဟင့် စီးမှာ အကြာကြီးကိုစီးမှာ "

ဖြူစင်လွန်းတဲ့နှလုံးသားငယ်လေးပိုင်ဆိုင်ထားတဲ့မင်းလေးကိုလောကကြီးက အရောင်တွေချယ်လှယ်သွားမှာမကြိုက်တတ်ခဲ့ဘူး၊ စတင်လိုက်တဲ့အချိန်ကတည်းက အဆုံးသတ်​နောက်ဆုတ်ဖို့မတွေးထားတဲ့ကိုယ်က မင်းလေးကိုထိခိုက်မှု့ရယ်လို့ မြူမှုန်တစ်စတောင်မရှိစေအောင် ကာကွယ်ပေးချင်ခဲ့တယ်၊ ကိုယ်ရင်ငွေ့အောက်မှာနေစေရင်းပေါ့ ၊

* ဒီနေ့ကစပြီး ကိုကိုဘေဘီ့ကိုကာကွယ်မယ် *

တွေးမိခဲ့ဖူးတယ် ဒီကလေးလေးသာ ငါ့ညီလေးဖြစ်ခဲ့ရင်ဆိုတဲ့အတွေးပေါ့ ၊ သို့သော် ဘယ်အချိန်ကစတင်ခဲ့လဲမသိ..ဒီကလေးလေးအပေါ်မှာ ချစ်ခြင်းရောင်စဥ်အပြည့်နှင့် သဝန်တိုစိတ်တွေဖုံးလွှမ်းနေခဲ့ပြီးပြီ ၊

" ဘေဘီ နောက်ဆိုရင် ကိုကိုကလွဲပြီးတခြားလူကိုအာဘွားမပေးရဘူးနော်၊ဟုတ်ပြီလား "

အဲ့လိုနေ့ရက်လေးတိုင်းက ရှန်မီယောင်းအတွက် အပျော်ရွင်ဆုံးနေ့ရက်တွေအဖြစ်သတ်မှတ်ခဲ့ပေမယ့် မျှော်လင့်မထားတဲ့မုန်တိုင်းကြမ်းတိုက်တဲ့အချိန်မှာ ရှန်မီယောင်းနှလုံးသားကွဲကြေပြီး အသက်မရှိနဲ့လူတစ်ယောက်လို ရှင်လျှက်နဲ့သေခဲ့ရတယ် ။ ပြန်ရှင်သန်လာတဲ့အချိန်မှာ ရှန်မီယောင်းအတွက်ဘယ်အရာမှသူ့အားဆွဲထုတ်​မသွားနိုင်အောင်စောင့်ရှောက်ခဲ့သော်လည်း သူ့အတွက်ခက်ခဲမှု့တွေဖြစ်စေခဲ့​ပြန်တယ် ။

 BABY IS MY LIFE Where stories live. Discover now