ကိုယ့်ကိုမထားခဲ့ပါနဲ့

82.2K 5.3K 348
                                    

အပိုင်း ၁၆ ။ ကိုယ့်ကိုမထားခဲ့ပါနဲ့ ။

                       ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

ရှန်စံအိမ်တော် မနက်ခင်း ။

သဘာဝအလျှောက်ပေါက်ရောက်နေကြတဲ့ အရိပ်ကောင်းကောင်းသစ်ပင်ကြီးတွေရဲ့ အလည်မှာ ပြာလဲလဲ ရေပြင်ကျယ်ကြီးက ပို၍ပင် လှပလို့နေသည် ။ ယုန်လေးတွေနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ရှန်းကူလေး နဲ့ အတူ ထိုရေပြာကန်နံဘေးမှာ ရှန်မီယောင်း တို့ နှစ်ဦးသား အရမ်းကိုပျော်ရွင်နေသည် ။ ရှန်မီယောင်း က ရှန်းကူ အနားကိုလျှောက်သွားပြီးလက်နှစ်ဖက်ကိုကိုင်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည် ။

ရှန်မီယောင်း ဟာ ရှန်းကူလေး ကို အရမ်းချစ်သည် ။ ရှန်းကူ ကသာ သူ့ဘဝရဲ့ပဲ့ကိုင်ရှင် လို့ အမြဲသတ်မှတ်ထားခဲ့သည် ။ ထိုသို့တွေးလိုက်တာနဲ့ သူ့နှလုံးသားမှာပေါ့ပါးပြီးပို၍ချစ်မြတ်နိုးလာစိတ်ဖြစ်ပေါ်လာတာကြောင့် ချစ်ရတဲ့ရှန်းကူ​လေးရဲ့နှုတ်ခမ်းလေးအားနမ်းဖို့ပြင်နေစဥ်။

ရုတ်တရက် တစ်စုံတယောက်ကရှန်မီယောင်း ရက်ဘတ်ကိုတွန်းထုတ်ကာ ရှန်းကူ လက်ကိုကိုင်ပြီးခေါ်ထုတ်သွားသည် ။

*ဒီကောင်လေး က ငါ့အပိုင်ဖြစ်ပြီးသား... မင်းလာမထိနဲ့ *

ဝေဝါးစွာဖြစ်နေတဲ့မျက်လုံးတွေကြောင့်ရှန်မီယောင်းမှာထိုလူရဲ့မျက်နှာအားရှင်းလင်းစွာမမြင်ရ။ သို့သော် ဂရုမစိုက်ပါ လက်ရှိမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ထိုလူနှင့်အတိုက်အခံလုပ်ကာရှန်မီယောင်းငြင်းလို့နေတော့သည်။

*မဟုတ်ဘူး မဖြစ်နိုင်ဘူး Baby က ငါ့အပိုင် ငါတစ်ယောက်တည်းရဲ့အပိုင် *

*လာ သွားမယ်... *

*မဟုတ်ဘူး .. မသွားနဲ့ Baby မလိုက်သွားနဲ့... ကိုကို့ဆီပြန်လာခဲ့... Baby! ကိုကို့ဆီပြန်လာပါကွာ Baby! *

ရှန်မီယောင်း ဘယ်လောက်ပဲအော်ပြောနေပါစေ တဖက်မှာ ရှန်းကူ ရဲ့ပုခုံးကို ဖက်ကာထွက်သွားတဲ့ ထိုလူသည် ရှန်မီယောင်း ကို တစ်ချက်မျှပြန်လှည့်မကြည့်သလို ။ ရှန်းကူကိုလဲ လှည့်ကြည့်ခွင့်မပေးပါ ။ ထွက်သွားခွင့်မပေးဖို့ကိုရင်ထဲမှာအကြိမ်ကြိမ်အော်ဟစ်ကာကိုယ့်ကိုကိုယ့်သတိပေးနေသော်လည်း လက်တွေ့မှာရှန်မီယောင်းစကားတွေကအရာမဝင်ခဲ့ပါ။ ထွက်သွားတဲ့ရှန်းကူလက်လှမ်းဆွဲဖို့ရာလည်း နည်းနည်းလေးတောင်လှုပ်ရှားလို့မရတဲ့ခန္ဓာကိုယ်ကြောင့် ရှန်မီယောင်းမှာကူရာမဲ့၍ ရင်ကွဲကာ ထိုနေရာမှာပဲ ဒူးထောက်ငိုကြွေးနေသည် ။

 BABY IS MY LIFE Wo Geschichten leben. Entdecke jetzt