အတိတ်နေ့ရက်ဆီသို့-၁

64.5K 4.6K 205
                                    

အပိုင်း ၁၈ ။ အတိတ်နေ့ရက်ဆီသို့ - ၁ ။

                          ( Unicode )

လွန်ခဲ့တဲ့ 13 နှစ်..။ ခန်းနားကြီးကျယ်တဲ့ ရှန်စံအိမ်တော်ကြီးဟာ တန်ဖိုးကြီးပစ္စည်းတွေနဲ့ဆင်ယင်ထားပေမယ့်တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။

မနေ့ညက ရှန်စံအိမ်တော်မှာ သခင်ကြီး နဲ့ သခင်မ တို့က ကြီးမားတဲ့ပြသာနာတတ်ခဲ့တာကြောင့် ဒီမနက် မိုးလင်းတာနဲ့ ကိုယ်ရံတော်ကားကိုယ်စီနဲ့ ထွက်ခဲ့ပြန်သည် ။ ကိုယ့်အတ္တအတွက်ပဲ ရှေ့တန်းတင်နေတဲ့ မိဘနှစ်ပါးကြောင့် သားတစ်ယောက်ဖြစ်တဲ့ ရှန်စံအိမ်တော်ရဲ့အဖိုးတန် သား ဆိုတာလဲ ကလေးတစ်ယောက်နဲ့မတူပဲ လွန်စွာအေးစက်တတ်လာခဲ့သည် ။

ရှန်မီယောင်း မနေ့ညက မိဘတွေရဲ့ပြသာနာအကြောင်းအရင်းကို မထင်မှတ်ပဲသိလိုက်ရလို့ စိတ်ထိခိုက်နေသလို မိဘတွေရဲ့လုပ်ရက်ကိုလည်း အရမ်းစိတ်နာနေခဲ့သည် ။ 13 နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း တခြားကလေးတွေနဲ့မတူပဲ မျက်နှာထားကအေးစက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ အရမ်းမောက်မာတဲ့ပုံစံမျိုးဖြစ်နေသည် ။

စိတ်မွန်းကြပ်မှု့နဲ့အတူ ရွှေရောင်လှေကားကနေ တထစ်ချင်းဆင်းလာတဲ့ ရှန်မီယောင်း ကို ဦးလေး Zhon နဲ့ အိမ်တော်က အလုပ်သမားတွေကအရိုအသေပေးကြရသည်။

" သခင်လေး ကျောင်းသွားဖို့ပြင်လိုက်ရတော့မလား "

ဘာစိတ်ခံစားချက်မှမရှိတဲ့ရှန်မီယောင်းဟာမျက်နှာသေနဲ့ပဲ ဦးလေးZhon ကိုတစ်ချက်ကြည့်ကာ...

"အခုလက်ရှိ ကျွန်တော့်စိတ်အခြေအနေအရ ကျောင်းသွားနိုင်မယ်ထင်လား "

ထိုသို့ပြောလိုက်တော့ ဦးလေး Zhon မှာ ဘာပြန်ပြောရမှန်းမသိတော့ချေ ။ ဦးလေး Zhon က ရှန်မီယောင်းငယ်ငယ်လေးတည်းက အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာမို့ ရှန်မီယောင်း ရဲ့ မျက်နှာအနေအထားကိုကြည့်ပြီး စိတ်အခြေနေခန့်မှန်းနိုင်နေပြီ ။

သခင်လေး ပြောတဲ့ စိတ်အခြေအနေအရ ဆိုတဲ့ စကားက မနေ့ညကသခင်ကြီးနဲ့သခင်မတို့ ပြသာနာအကြောင်း သခင်လေးသိသွားပြီးမှန်း ဦးလေး Zhon နားလည်လိုက်သည် ။ သခင်လေး က ငယ်ငယ်လေးတည်းက မိဘမေတ္တာနဲ့ထွေးပွေ့မှု့ကို ငတ်မွတ်နေတဲ့ကလေးတစ်ယောက်..အပြင်ပိုင်းမှာ ဘယ်လောက်မာကျောတဲ့ ပုံစံဖြစ်နေပါစေ အတွင်းစိတ်လေးမှာတော့ မိဘရဲ့မေတ္တာကို မျော်လင့်နေမှန်းလည်း ဦးလေး Zhon နားလည်သည်။

 BABY IS MY LIFE Where stories live. Discover now