ကိုယ့်သေတွင်းကိုယ်တူးကြတဲ့မိသားစု

49.2K 3.9K 271
                                    

အပိုင်း ၃၆ ။ ကိုယ့်သေတွင်းကိုယ်တူးကြတဲ့မိသားစု

                         ( Unicode )

ဆေးရုံတွင် ၃ ရက်အကြာ ။ စဖြစ်တုန်းက ကလေးငယ်စိတ်ပူဇော နဲ့ မို့သောင်းကျန်းပြစ်လိုက်ပေမယ့် နောက်တစ်နေ့မှာခေါင်းကသေလောက်အောင်ကိုက်ခဲခြင်းခံရတာကြောင့်အတွက်တော့မသက်သာ ။ ခေါင်းကဒဏ်ရာ နဲ့ ပုခုံးကဒဏ်ရာသည် ဆေးဝါးကုသမှု့ကြောင့် သက်သာလာနိုင်ပေမယ့် တနေ့ တနေ့ ကလေးငယ် ကို သဝန်တိုလွန်းလို့ရတဲ့ ဒဏ်ရာကိုတော့ ဘယ်သူမှကုနိုင်မယ်မထင် ။ အကြောင်းက ကလေးငယ်ရဲ့တာဝန်ခံဆရာဝန်ဆိုတဲ့ကောင်သည် ကလေးငယ်ကျန်းမာရေးကိုအကြောင်းပြကာ ရှန်မီယောင်းရှေ့မှာပင် ကလေးငယ် လက်ကိုကိုင်လိုက် ပြုံးပြလိုက်လုပ်နေတာကြောင့်ပင် ။

သွေးအားနည်းတတ်တဲ့ကလေးငယ်အတွက် နှစ် ရက်နဲ့အဆင်ပြေပြီးသက်သာသွားတာကြောင့် ရှန်မီယောင်း ဆေးရုံဆင်းရန်ပြောပေမယ့်။

*ဒဏ်ရာတွေကမကျက်သေးဘူးလေ မဆင်းပါနဲ့လား ကိုကိုရယ် * ဆိုတဲ့ မျက်နှာငယ်လေးနဲ့တောင်းဆိုတဲ့ ကလေးငယ်ရဲ့တောင်းဆိုမှု့ကို မလွန်ဆန်နိုင် ။ ဆရာဝန်ကိုယ်တိုင်က ဆေးရုံဆင်းလို့ရပါပြီ ပြောနေတာကိုတောင် စိတ်မချသေးတဲ့ ကလေးငယ် ကြောင့် လက်ကျောရိုးထမ်းထားတဲ့ကြိုးကိုဖြုတ်ထားပေးမယ့် ခေါင်းမှာပတ်တီးနဲ့ပင် ဆေးရုံကုတင်ထက်မှာ စိတ်ချမ်းသာအောင်နေပေးရသည်။

" baby ..TV အဲ့လိုကြည့်နေရင် လည်ပင်းတွေညောင်းနေလိမ့်မယ်။ ကိုကို့အနားကိုလာခဲ့ "

ရှန်မီယောင်းပြောလိုက်တော့ ဆိုဗာပေါ်မှာထိုင်ပြီး TV ကြည့်နေတဲ့ ကလေးငယ် က ချက်ချင်းရှန်မီယောင်းဆီပြေးလာသည် ။ ရှန်မီယောင်း သည် ပြေးလာတဲ့ ကလေးငယ်ကို စောင်လှပ်ကာနေရာပေးလိုက်သည် ။

" ကိုယ်မနက်ဖြန်ဆေးရုံဆင်းရမယ် baby "

ရှန်မီယောင်း ပြောလိုက်တော့ TV အာရုံရောက်နေတဲ့ ကလေးငယ် က ချက်ချင်းလှည့်ကြည့်လာသည် ။

" ဒါပေမယ့် ကိုကို့ဒဏ်ရာက .... "

ဆက်ပြောမယ့် စကားကို ရှန်မီယောင်း နှုတ်ခမ်းနဲ့ပိတ်ကာ ။

 BABY IS MY LIFE Where stories live. Discover now