သူများကိုဒေါက်ဖြုတ်လိုက်တဲ့ ဘေဘီ

41.1K 4.2K 666
                                    

အပိုင်း ၅၁ ။ ပြခန်းရှိတဲ့ဘေဘီက သူများက်ုထောက်ဖြုတ်လိုက်ပြီ

                         ( Unicode )

နောက်တစ်နေ့မှာ ရှန်မီယောင်းဟာ ချန်း Company ရဲ့ပူးပေါင်းရှယ်ယာထောက်ခံမှု့အတွက် ကျိုးဝေကိုအားလုံးလွှဲအပ်ကာထားလိုက်သည် ။

ချန်းကောရှင်းသည် ရှန်မီယောင်းရဲ့ပူးပေါင်းမှု့ကိုသိလိုက်ရတဲ့အချိန်မှာ သူ့ Company ဟာ နေ့ချင်းညချင်းပင်နောက်ထပ်ရှယ်ယာရှင်အတော်များများဝင်ရောက်လာပြီးအဆင်ပြေစေကာပုံမှန်အဖြစ်လည်ပတ်နိုင်ခဲ့သည် ။ Shu ဟာ ချန်းကောရှင်းအတွက်မိထွေးတစ်ယောက်လိုသာရှိနေပြီး ဘယ်တုန်းကမှအမေတစ်ယောက်အ​ဖြစ်အရာမသွင်းခဲ့ပေမယ့် Shu ရဲ့ သား က ရှန်သခင်ကြီးလို့သိလိုက်ရတဲ့အချိန်မှာ ချန်းကောရှင်းဟာသူမိထွေး Shu အပေါ်ထားတဲ့အမြင်တွေကပြောင်းလဲသွားခဲ့သည် ။ ရှန်သခင်ကြီးလိုလူတစ်ယောက်ဟာ ချန်းကောရှင်းတို့လို Company မှာ ရှယ်ယာထည့်ဖို့ဆိုလျှင် ချန်းကောရှင်းအင်အားနဲ့သေရင်တောင်ဖြစ်နိုင်ချေလုံးဝမရှိ ။ ထို့ကြောင့် ချန်းကောရှင်းတွေးမိလိုက်တာက Shu ဟာ သူ့သမီးဖြစ်သူ ချန်းဝိန်ယွင်ကိုသူ့အကိုကြီးဖြစ်သူဆီမှာပို့လိုက်လို့ဒီလိုအခွင့်အလမ်းတွေရခဲ့တာလို့ထင်နေတော့သည် ။

ဒါ့ကြောင့် ချန်းကောရှင်းရဲ့နောက်ထပ်ခြေတလှမ်းအနေနဲ့ သူဟာ သူ့ညီမဖြစ်သူ ချန်းဝိန်ယွင် ဆီချဥ်ကပ်ပြီး နောက်ထပ်အခွင့်အရေးတွေကိုဆက်ပြီးဖန်တီးမယ်လို့တွေးလိုက်တော့သည် ။ ချန်းကောရှင်းဟာ ချန်းဝိန်ယွင် နဲ့ဆိုလျှင် အဖေတူအမေကွဲမောင်နှမပေမယ့် သူတို့ကြားမှာ မောင်နှမဆိုတဲ့နွေးထွေးတဲ့ခံစားမှု့မျိုးလုံလောက်စွာမရှိပဲ ခပ်တန်းတန်းသာရှိသည် ။ သို့သော် အခုချိန်မှာ ချန်းကောရှင်းဟာ သူ့ညီမလေးကိုကောင်းကောင်းဆက်ဆံရမည် ဘာကြောင့်ဆို ဆင်ဖြူတော်မှီပြီးကြံစုပ် မှသာလျှင် သူ့အတွက်အနာဂတ်မှာ ထွန်းတောက်နိုင်လိမ့်မည်။

သို့သော် ချန်းကောရှင်းတွေးထားတာနဲ့ဆန့်ကျင်ဘက်ရှိနေတဲ့ ရှန်အိမ်တော်ကသူ့ညီမဖြစ်တဲ့ ချန်းဝိန်ယွင် ကတော့ စိတ်ပျက်စွာနေနေရသည် ။

 BABY IS MY LIFE Where stories live. Discover now