အပိုင်း ၂၁ ။ အတိတ်နေ့ရက်ဆီသို့ ၄
( Unicode )
ကြီးကျယ်ခန်းနားတဲ့တဲ့ လျှို့ဝှက်တွေ့ဆုံခန်းတစ်ခုမှာ အသက် ၆၀ X ဂိုဏ်းခေါင်းဆောင် သည် အနက်ပြောင်ဂျပန်ဝတ်စုံကို သေသပ်စွာ ဝတ်ထားပြီး စားပွဲပုလေးပေါ်က လက်ဖက်ရည်အိုး အသေးလေးကိုကိုင်ကာ ဖန်ခွက်ထဲငှဲ့သောက်ကာ တစ်စုံတစ်ယောက်နဲ့တိုင်ပင်ဆွေးနွေးနေသည် ။
"အဲ့တော့ မင်းပြောချင်တာက ဒီစမ်းသပ်ချက်က အောင်မြင်တော့မှာပေါ့ "
X ခေါင်းဆောင် မေးတာကို တဖက်ကကျိုးနွံ့စွာ ရိုရိုသေသေပြန်ဖြေသည် ။ ဘယ်သူထင်မှတ်ထားမှာလဲ? ထိုလူဟာ ကျေးဇူးရှင်ရဲ့နောက်ကျောကိုဓားနဲ့ထိုးမယ်မှန်းပေါ့။ထိုလူက ရှောင်ဖုန်းဝေ။
" ဟုတ်ပါတယ် သခင်ကြီး ။ဒီစမ်းသပ်ချက်ပြီးဖို့ ဘယ်လောက်မှမလိုတော့ပါဘူး "
" ကောင်းတယ်။ ငါတို့ဆက်စောင့်ကြတာပေါ့ "
ရှောင်ဖုန်းဝေ သည် ဟွားသခင်ကြီးတို့လက်ရှိတိတ်တဆိတ်လုပ်နေတဲ့ စမ်းသပ်ဆေးအာနိသင် လျှို့ဝှက်ချက်ကို X ဂိုဏ်းခေါင်းဆောင်ကိုပြောပြပြီး Xဂိုဏ်းခေါင်းဆောင်နဲ့ ပူးပေါင်းကာ ကိုယ့်ကျေးဇူးရှင်လိုဖြစ်နေတဲ့ ဟွားအိမ်တော်ကို သစ္စာဖောက်လိုက်သည် ။ ဒီလျှို့ဝှက်ချက်ကြောင့် X ဂိုဏ်းခေါင်းဆောင် က ရှောင်ဖုန်းဝေ ကို အာဏာတစ်ချို့နဲ့ စည်းစိမ်အများအပြား အပါအဝင် သူဌေးကြီးတစ်ယောက်လိုပင် ဘဝပြောင်းပေးခဲ့သည် ။ ထိုဥစ္စာ အာဏာ ပစ္စည်းတွေကို မက်မောပြီး ကျေးဇူးရှင်ကိုနောက်ကျောက ဓားနဲ့ထိုးတဲ့ ရှောင်ဖုန်းဝေ သည် အရမ်းစိတ်ပျက်ဖို့ကောင်းသလို အရမ်းရွံရှာဖို့လည်းကောင်းသည် ။
__________________________________________
ရှန်မီယောင်း အတန်းထဲရောက်တာနဲ့ တာကဲရူ ထိုင်ခုံနေရာကိုကြည့်ကာ တစ်ခုခုကိုအလိုမကျဖြစ်နေသည် ။ တာကဲရူ က ရှန်မီယောင်း နဲ့ ထိတ်တိုက်ရင်မဆိုင်သော်ငြားလည်း နောက်ကွယ်ကခိုင်းစေတတ်သည် ။ ဒီရက်ပိုင်းတွေမှာ ကျောင်းမှာ ရှန်မီယောင်းလူတစ်ယောက်နဲ့မဟုတ် တစ်ယောက်နဲ့ အမြဲတမ်းပြသာနာတတ်သည် ။ထိုပြသာနာတွေကို ရှန်မီယောင်းမရှင်းခင် ရီဟေးချုံး က ရှင်းလိုက်တာမို့ ရှန်မီယောင်း ဆီ တိုက်ရိုက်မလာသေး ။ သို့ပေမယ့် ဒီပြသာနာကို ဖန်တီးသူက တာကဲရူ ဆိုတာ ရှန်မီယောင်း ရော ရီဟေးချုံး ပါ သိသည် ။
أنت تقرأ
BABY IS MY LIFE
عاطفية# Fed - 3 - 2020 # moewathan #Cover - Melon mist 💞 #ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်သည်။