အမှန်တရားတစ်ချို့

64.5K 5.4K 244
                                    

အပိုင်း ၁၇ ။ အမှန်တရားတစ်ချို့ ။

                      ( Unicode )

ရီဟေးချုံး ရှန်မီယောင်း ဆီရောက်တော့ အပြာရောင်အိမ်တစ်အိမ်ရှေ့မှာ ကားရပ်ပြီးစောင့်နေတဲ့ ချစ်သူငယ်ဂျင်းကြီး။

ရှန်မီယောင်း ရဲ့ ကိုယ်ရံတော်တွေက ရှန်မီယောင်း ရဲ့ အကွာအဝေးတစ်နေရာကနေ စောင့်ကြည့်နေသည် ။ရီဟေးချုံး ကားကိုရှန်မီယောင်းကားအနောက်မှကပ်ရပ်ကာကားပေါ်ကဆင်းလာတာနှင့် ရှန်မီယောင်းရဲ့ကိုယ်ရံတော်တွေကအရိုသေပေးလာသည်။ ရီဟေးချုံးအသိအမှတ်ပြုခေါင်းတစ်ချက်ညှိမ့်ပြရင်း ရှန်မီယောင်းကားမှန်ကိုခေါက်လိုက်သည်။ တံခါးခေါက်လိုက်တာနဲ့ လော့ချထားတဲ့ ကားတံခါးပွင့်လာတာမို့ ရီဟေးချုံး ဝင်ထိုင်လိုက်သည် ။

" ဘာလို့အဲ့လောက်ကြာနေတာလဲ "

"မင်းကလည်း နည်းနည်းနောက်ကျသွားတာကို ဖြစ်နေတာ "

" ....... "

"စတာ စတာပါ "

ရီဟေးချုံး ရွတ်နောက်နောက်ပြောလိုက်တော့ ရှန်မီယောင်း ဆီက အေးစက်စက်အကြည့်တစ်ချက်ရလိုက်သည် နှင့် ချက်ချင်း မျက်နှာချိုသွေးသည် ။

"ဒါကိုကြည့် ... "

ဟွားအိမ်တော်လုပ်ကြံမှု့နဲ့ပက်သတ်ပြီး သူ့လက်ထဲက ဖိုင်တစ်ချို့ကို ရီဟေးချုံး လက်ထဲလွှဲပေးလိုက်သည် ။ ရီဟေးချုံး လည်း ရှန်မီယောင်း ရဲ့ ပုံမှန်ထက် ပိုပြီးအေးစက်နေတဲ့ စကားတွေကြောင့် မျက်နှာမပြောင်တော့ပဲ ရှန်မီယောင်း ပေးတဲ့ ဖိုင်ကိုလှန်ကြည့်ဖတ်လိုက်သည် ။ ဖိုင်ထဲမှာ ပြထားတဲ့အထောက်အထားတွေက ရှန်မီယောင်း နဲ့ ရီဟေးချုံး တို့ ဘယ်လိုမှသဲလွန်စ ရှာမရခဲ့တဲ့ ဟွား အိမ်တော်ရဲ့လုပ်ကြံမှု့ နဲ့ အဓိက တရားခံအကြောင်းဖြစ်နေတော့ ရီဟေးချုံး အရမ်းအံသြသွားသည် ။

ရီဟေးချုံး သည် ဒီလောက်အရေးကြီးတဲ့ ကိစ္စမို့လည်း ရှန်မီယောင်း အရမ်းစိတ်ဆတ်နေမှန်း သိလိုက်သည်

" ၁၀ နှစ်ကျော် ငါတို့ ရှာခဲ့တာ ဘယ်လိုမှ ရှာမရခဲ့ဘူး..ဒါကို မင်းဘယ်လိုအစရှာခဲ့တာလဲ "

 BABY IS MY LIFE Where stories live. Discover now