ကြောက်စရာကောင်းတဲ့အပြစ်ပေးခြင်း

42.4K 3.7K 242
                                    

အပိုင်း ၅၆ ။ ကြောက်စရာကောင်းတဲ့အပြစ်ပေးခြင်း ။

                          ( Unicode )

မြေအောက်ခန်းဆိုသည်မှာ ရှန်မီယောင်းပေးတဲ့ပြစ်ဒဏ်ခံရမယ့်ငရဲခန်းပဲ ။ ဒီငရဲခန်းကလွတ်မြောက်ဖို့ဆိုတာဟာဘယ်လိုမှမဖြစ်နိုင် ။

မြေအောက်ခန်းထဲရောက်တဲ့အချိန်မှာ ချန်းကောရှင်း ကို အပြစ်ပေးတဲ့တိုင်ကပ်မှာ လက်ဆန့်ကား၍ကြိုးချည်ထားပြီး သတိ​မေ့​နေတဲ့ချန်းဝိန်ယွင် ကိုတော့ လက်နောက်ပြန်ကြိုးတုတ်ကာထိုင်ခုံပေါ်ထိုင်ခိုင်းထားသည် ။ ချန်းဝိန်ယွင် သည် သူမကိုရှန်မီယောင်းတပည့်တွေဆွဲခေါ်လာပြီးကားထဲသွင်းလိုက်တဲ့အချိန်ထိကြောက်ရွံ့ကာအော်ဟစ်အကူညီတောင်းပေမယ့် သူမအားဂုတ်ပိုးကိုရိုက်ချလိုက်တဲ့လူတစ်ယောက်ကြောင့် အခုခါမှာသတိလစ်၍ထိုင်ခုံပေါ်ခေါင်းငိုက်စိုက်နေတော့သည် ။ ချန်းကောရှင်း ရောက်လာတဲ့အချိန်မှာ​တွေးမိလိုက်တာကတစ်စုံတစ်ခုဖြစ်လျှင် ချန်းဝိန်ယွင် က ရှန်မီယောင်းညီမဖြစ်တာကြောင့် သူမအားအကူညီတောင်းကြည့်မယ်စိတ်ကူးခဲ့ပေမယ့် အခုတော့သူ့ရှေ့မှာသတိလစ်နေတဲ့ချန်းဝိန်ယွင် ကိုတွေ့လိုက်ရတာကြောင့် သူ့ရဲ့မျှော်လင့်ချက်ရေးရေးလေးပြတ်တောက်သွားရသည် ။

ရှန်မီယောင်းရောက်လာတဲ့အချိန်မှာ တိုင်ကပ်တွင်ကြိုးချည်ထားတဲ့ ချန်းကောရှင်းနဲ့ ထိုင်ခုံမှာကြိုးချည်ထားတဲ့ချန်းဝန်ယွင်ကိုကြည့်ကာအေးစက်တဲ့မျက်နှာထားနှင့်ရက်စက်တဲ့စိတ်ရင်းဟာ ဘယ်သူမှခန့်မှန်း၍မရနိုင်တော့ပေ ။

" သူတို့ကိုနှိုးလိုက် "

အမိန့်ပေးသံအဆုံး ဇီဟွန်က ရေခဲရေတစ်ပုံးယူကာသူတို့နှစ်ယောက်မျက်နှာအားပက်ချလိုက်တော့သည် ။

" အားး အဟွတ် ဟွတ်၊အေး အေးလိုက်တာ"

ကျိုးဝေ ကအဆင်သင့်ခုံယူပေးလာတာကြောင့် ရှန်မီယောင်း ထိုခုံမှာထိုင်ပြီးနောက်ကျိုးဝေ ဆီကဆေးပြင်းလိပ်တလိပ်ထုတ်ယူလိုက်တော့ အဆင့်သင့်မီးညှိပေးလာသည် ။

" အဲ့ကောင်ကိုဒီရှေ့ခေါ်လာခဲ့ "

ရှန်မီယောင်းပြောလိုက်တော့ တပည့်တွေက ချန်းကောရှင်း ကိုကြိုးတုတ်ထားရာကနေဖြည်ပြီး ရှန်မီယောင်းရှေ့ဒူးထောက်ကျစေသည် ။ ထို့အတူ ချန်းကောရှင်း နဲ့ ချန်းဝိန်ယွင်ဟာ ရှန်မီယောင်းရဲ့အေးစက်တဲ့အသံကြောင့်သူတို့ရဲ့နာကျင်မှု့ကိုပင်မေ့ကာ ရှန်မီယောင်းရှီရာဘက်ဆီအမြန်လှည့်ကြည့်ပြီးငိုယိုပြီးတောင်းပန်တော့သည် ။ သူတို့နှစ်ယောက်လုံးဒီသေတွင်းကမလွတ်နိုင်တော့ဘူးဆိုပေမယ့် အတတ်နိုင်ဆုံးသူတို့ကြိုးစားနေတော့သည် ။

 BABY IS MY LIFE Where stories live. Discover now