အေးချမ်းသွားတဲ့ S&S ဘဝလေး

31.5K 2.4K 96
                                    

အပိုင်း ၆၁ ။ အေးချမ်းသွားတဲ့ S&S ဘဝလေး ။

                        ( Unicode )

" သခင်ကြီး !!!! "

ရှန်မီယောင်းဟာနောက်ကထိုးလိုက်တဲ့ဓားနဲ့ထိုးလိုက်တဲ့အချိန်စူးနင့်ကာအသားထဲဖောက်ဝင်လာတဲ့ဓားကြောင့်နာကျင်မှု့ကိုအံကြိတ်ကာတောင့်ထားတုန်းမှာ တာကဲရူမှာဓားကိုဆောင့်ဆွဲထုတ်ပြီးနောက်တစ်ချက်ထပ်ထိုးမယ့်အချိန်မှာ ရှန်မီယောင်းသည် ဒဏ်ရာကိုလစ်လျုရူကာသူ့ဓားကိုတပတ်ဝေ့ကာ တာကဲရူဓားကိုင်ထားတဲ့လက်ပုခုံးအောက်သို့နောက်ပြန်ထိုးစိုက်လိုက်တာကြောင့် ရှန်မီယောင်းဓားက တာကဲရူပုခုံးအောက်ဘက်ကိုထုတ်ချင်းပေါက်သွားတော့သည် ။

အားးး !!

ရှန်မီယောင်းသည် သူ့ဓားကိုပြန်ဆွဲထုတ်ကာ တာကဲရူကိုနောက်ပြန်ဆောင့်ကန်ပြီး သူကိုယ်တိုင်လဲခါးကဒဏ်ရာကိုကိုင်ပြီး လဲကျမလိုဖြစ်သွားတာကြောင့်သူ့ဓားနဲ့ထောက်ထားရသည် ။

" သခင်ကြီး အဆင်ပြေရဲ့လား !!! "

" ငါအဆင်ပြေတယ်၊ အဲ့ကောင်ကိုဖမ်းထား ! မြန်မြန် !!! "

သွေးတွေယိုစိမ့်ကာစီးကျနေဆဲအခြေနေမှာရှန်မီယောင်ထပ်လှုပ်ရှားလိုက်မယ်ဆိုရင်သွေးထွက်လွန်သွားနိုင်ခြေရှိတာကြောင့် ကျိုးဝေ ကို တာကဲရူ ကိုဖမ်းရန်လွတ်လိုက်သည် ။ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့တာကဲရူဟာ ပုံမှန်အခြေနေမှာဆိုကျိုးဝေကိုအသာလေးနိုင်နိုင်ခြေရှိပေမယ့်အခုအခါမှာ သူ့လက်ကသုံးလို့မရတော့တဲ့အပြင်ဒဏ်ရာတွေလဲရထားတာကြောင့် ကျိုးဝေရဲ့တိုက်ကွက်နှစ်ကွက်မှာရှုံးနိမ့်ကာအဖမ်းခံလိုက်ရတော့သည် ။ ခေါင်းဆောင်တွေရှုံးနိမ့်သွားတာနှင့် တဖက်မှာတိုက်ခိုက်နေကြတဲ့တာကဲရူလူတွေအားလုံးနီးပါးဟာလည်း ရှန်မီယောင်းတပည့်တွေလက်ထဲမှာရှုံးနိမ့်သွားကြလေပြီ ။

မိုးချုပ်စတုန်းကရွှေရောင်အသွင်ရှိခမ်းနားကြီးကျယ်တဲ့နန်းတော်ဟာ အခုချိန်မှာတော့ သွေးချောင်းစီးပြီးသားနေရာတစ်ခုလိုနေရာတိုင်းမှာ သွေးညှီနံ့တို့လှိုင်နေတော့သည် ။ အတုံးအရုန်းသေနေကြတဲ့တာကဲရူဘက်ကလူတွေအမြောက်အများနှင့် ရှန်မီယောင်းတပည့်တွေဟာလည်းများစွာရှိနေတော့သည် ။ ကျိုးဝေ သည် တာကဲရူကိုလက်နှစ်ဖက်နောက်ပြန်ချုပ်ထားပြီး သူ့တပည့်နှစ်ယောက်နဲ့ဆွဲခေါ်လာစေပြီး ရှန်မီယောင်းနံဘေးကနေလိုက်လာတော့သည် ။ ရှန်မီယောင်းဟာ ခါးနံဘေးအောက်ဆီမှဒဏ်ရာကသွေးစက်စက်ယိုစိမ့်နေသော်လည်း သူ့မျက်နှာမှာနာကျင်မှု့ထက်ပျော်ရွင်မှု့တို့ပိုသာနေမှန်း သူ့မျက်လုံးတွေက​ဖော်ပြနေတော့သည်။

 BABY IS MY LIFE Where stories live. Discover now