Joeနောက်ကိုတောက်တတ်လိုလိုက်ကပ်နေတဲ့'ရှင်း'

41.7K 3.8K 459
                                    

အပိုင်း ၄၆ ။ Joe နောက်ကိုတောက်တတ်လိုလိုက်ကပ်နေတဲ့ 'ရှင်း'

                          ( Unicode )

" ဆရာဝန် !!ဆရာဝန် !! "

ရှန်းကူကိုပွေ့ချီကာအကျယ်ကြီးအော်ခေါ်ကာအရူးတပိုင်းစိတ်ပူနေတဲ့ ရှန်မီယောင်းကြောင့် ဆေးရုံတခုလုံးရုတ်ရုတ်သဲ့သဲ့ဖြစ်သွားတော့သည်။ ဆရာဝန်တွေကလည်း ရှန်းကူကို စမ်းသပ်ခန်း ကုတင်ပေါ်တင်ခိုင်းပြီး သေချာစမ်းသပ်စစ်ဆေးပေးတော့သည် ။ အရမ်းစိတ်ပူနေတဲ့ ရှန်မီယောင်းကြောင့် အခန်းအတွင်းလူနာမှအပ မဝင်ရတာကြောင့် အပြင်မှာပဲနေနေရတော့သည် ။ မျက်ရည်တွေနဲ့ကမ္ဘာပျက်နေတဲ့ ရှန်မီယောင်းဟာ ရှန်းကူလေးရဲ့ ဖြစ်ပျက်သွားတဲ့ပုံစံကိုမြင်ကွင်းထဲကမပျောက်သွားတာကြောင့် သူ့ကိုယ်သူအပြစ်တင်ကာစိတ်မကောင်းဖြစ်နေရတော့သည်။

" တောင်းပန်ပါတယ်Babyတောင်းပန်ပါတယ် ကိုယ့်ကြောင့်ပါ။ကိုယ်အဲ့နေရာမခေါ်သွားသင့်ဘူး တောင်းပန်ပါတယ် "

အရင်ကပုံစံနဲ့မတူအောင်ပြောင်းလဲထားတာကြောင့် ထိုနေရာလေးကို ရှန်မီယောင်းတို့နှစ်ယောက်ရဲ့အတိတ်ကပျော်စရာကောင်းခဲ့တဲ့နေရာလေးအဖြစ်သတ်မှတ်ပြီးကလေးငယ်ကိုလည်းသွားစေချင်ခဲ့မိတာ ဒီလိုဖြစ်မယ်မှန်းသိရင် ရှန်မီယောင်းမခေါ်သွားပေ။စမ်းသပ်ခန်းအပေါက်ဝတွင်သက်တော်စောင့်နှင့် ကျိုးဝေတို့စောင့်ကျပ်နေကြပြီး ရှန်မီယောင်းဟာ ဟိုဘက်ဒီဘက်လျှောက်ရင်း စိတ်မတည်ငြိမ်ဖြစ်နေတာကြောင့် ကျိုးဝေမှာ ပို၍စိုးရိမ်နေရသည် ။

တစ်နာရီအကြာတွင် စမ်းသပ်ခန်းထဲကဆရာဝန်တစ်ယောက်ထွက်လာသည် ။

" သူအဆင်ပြေရဲ့လား? သတိရလာပြီလား? ဘယ်လိုနေသေးလဲ "

" လူနာကအဆင်ပြေပါပြီ။ဦးနှောက်အတွက်ပိတ်ဆို့နေတဲ့ဆဲလ်သေတွေက ရုတ်တရက် ဖိအားကြောင့်အကုန်ကန်ထွက်လာသလိုဖြစ်သွားတော့ရှော့ရသွားတာပါ။လူနာက မှတ်ဉာဏ်နဲ့ပက်သတ်ပြီးထိခိုက်မှု့ပိုင်းဆိုင်ရာပြသာနာရှိနေတယ်"

" ဟုတ်ပါတယ်။အဲ့ကလေးက အဖျားကြီးပြီးအတိတ်တချို့ကိုမေ့နေတာပါ "

 BABY IS MY LIFE Where stories live. Discover now