အပိုင်း ၄၃ ။ တာကဲရူနဲ့ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း
( Unicode )
ပန်းခန်းကြီးထဲအချစ်တိုက်ပွဲနွဲလို့အပြီးမှာ ကလေးငယ်ရှန်မီယောင်းတို့နှစ်ယောက်လုံးရဲ့အဝတ်အစားတွေဟာ မွဆာကျဲလို့ပြဲနေတော့သည်။ ရှန်မီယောင်းသည်သူ့ကလေးငယ်အားနူးညံ့တဲ့အထိအတွေ့တွေနဲ့ပွေ့ဖက်ထားခဲ့ပေမယ့် တကယ်တမ်းမှာ သူ့ရဲ့ကြမ်းတမ်းတဲ့လက်တွေအပြင် Sex လုပ်စဥ်မှာ ကြမ်းခဲ့တာတွေကြောင့် ဖြူဖွေဥနေတဲ့ ကလေးငယ်ခန္တာကိုယ်မှာအနည်းငယ်တော့ပွန်းရာတွေရှိနေခဲ့သည်။
" ကိုကို..ဒီပန်းခန်းကြီးက ညဘက်ဆိုမီးရောင်တွေနဲ့ပိုပြီးလှတာပဲ၊ပန်းရနံလေးတွေလဲမွှေးနေတယ် "
" Baby ကြိုက်လား "
ရှန်မီယောင်း မေးတော့ ကလေးငယ်က ပြုံး၍ခေါင်းငြိမ့်ပြတယ် ။
" နောက်နေ့တွေမှာ Baby ဒီ ပန်းခင်းကြီးထဲမှာ ပန်းချီဆွဲချင်တယ် ရလားဟင် "
" ရတာပေါ့ ဒီပန်းခင်းအပါအဝင် ကိုကိုပိုင်သမျှက Baby အပိုင်ပဲလို့ပြောထားတယ်လေ Baby စိတ်တိုင်းကျကြိုက်တာလုပ်လို့ရတယ် "
" ဟီး ဟုတ် ကိုကို "
" အခု အထဲဝင်ရအောင်၊ကိုကိုသန့်ရှင်းပေးမယ် "
နှစ်ယောက်လုံးအဝတ်စလစ်ဖြစ်နေတဲ့အခြေနေမှာ ရှန်မီယောင်းကရှန်းကူကိုပွေ့ချီပြီး မတ်တတ်ရပ်လိုက်တာကြောင့် ရှန်းကူလန့်ကာမျက်နှာတစ်ခုလုံးနီရဲလို့လာသည်။
" ကိုကို ! အ အဝတ်အစားတွေ မရှိတော့ဘူးလေ။ ဒီ ဒီတိုင်းသွားမလို့စဥ်းစားနေတာမဟုတ်ပါဘူးနော် "
" ကိုကို့ခွင့်ပြုချက်မရှိရင် သူတို့အသက်တောင်မရူရဲတာ သူတို့ကြည့်ရဲမယ်ထင်လား Baby "
" ဒါ ဒါပေမယ့်........ Baby ရှက်လို့လေ "
စကားအဆုံးမှာ တိုးညင်းစွာထွက်လာတဲ့စကားလေးကြောင့် ရှန်မီယောင်းဟာရှန်းကူလေးရဲ့ အရှည်သည်းနေတဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်မိပြန်ပါသည်။ ရှန်မီယောင်းသည်ရှန်းကူလေးအနေခက်နေတာကြောင့် ဒီတိုင်းအိမ်တော်ထဲပြန်မဝင်တော့ပဲ သူ့တပည့်တွေကိုအချက်ပြလိုက်သည်။အချက်ပြပြီးချက်ချင်းပင် ကျိုးဝေ ဟာ မျက်လုံးပိတ်လျှက်ပင် သဘက်အကြီးတစ်ထည်ယူလာပေးသည်မို့ ရှန်မီယောင်းကထိုသဘက်ကို ကလေးငယ်ကိုပေါ်မှာ အနှီးလိုပွပွလေးထုတ်ပေးထားလိုက်သည်။
YOU ARE READING
BABY IS MY LIFE
Romance# Fed - 3 - 2020 # moewathan #Cover - Melon mist 💞 #ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်သည်။