ပြသာနာပိစိလေးရှာလိုက်တဲ့ ဘေဘီ

45.6K 3.8K 531
                                    

အပိုင်း ၄၇ ။ ပြသာနာပိစိလေးရှာလိုက်တဲ့ ဘေဘီ

                        ( Unicode )

ဒီနေ့မှာ ဂျပန်မှာရှိတဲ့ ရှန်မီယောင်းရဲ့ MainCompanyတစ်ခုဖြစ်တဲ့ ကား Showroom ဖွင့်ပြပွဲရှိနေတာကြောင့် မနက်ပိုင်းအစမ်းအနေနဲ့ ရှန်မီယောင်းကိုယ်တိုင်သွားစစ်ဆေးရမည် ။ ဒီနေ့မှာသာ ရှန်မီယောင်းဂျပန်ပြန်ရောက်မနေခဲ့ရင် ဒီစစ်ဆေးရေးအလုပ်ဟာ ကျိုးဝေ လာပြီးစစ်ဆေးရမှာဆိုပေမယ့် အခုခါမှာရှန်မီယောင်းရှိနေတာမို့ ကိုယ်တိုင်သွားစစ်ရန်ဆုံးဖြတ်လိုက်သည်။

အခုနောက်ပိုင်းအိမ်တော်နဲ့မစိမ်းသက်တော့ပဲအဆင်ပြေလာတဲ့ကလေးငယ်ဟာ ရှန်မီယောင်းသူ့အနားမှာရှိနေတာကိုပင် လုံလောက်စွာပျော်ရွင်နေတော့သည်။ ကလေးငယ်ရဲ့ပညာရေးအတွက်နှင့် ဝါသနာပါရာအလုပ်အတွက်ကိုလည်း ရှန်မီယောင်းလုံလောက်စွာစီစဥ်ပေးသည်။ ပညာရေးအတွက်ဆရာခေါ်ကာ ပြီးခန်းတိုင်သင်ကြားစေပြီး သူလေးဝါသနာပါတဲ့ ပန်းချီဆွဲတာအတွက်တော့ ရှန်မီယောင်းဟာပြခန်းတစ်ခုဖွင့်ကာ အဲ့မှာချိတ်စေသည် ။

သို့သော် ထိုပြခန်းမှာရှိတဲ့ ကလေးငယ်ရဲ့လက်ရာတွေဟာ အနုပညာချည်းသက်သက်မို့ဝယ်ယူခွင့်မရှိ ။

ရှန်းကူလေးသည်လည်း ရှန်မီယောင်းရဲ့စိတ်ကူးနဲ့ သူပုံဖော်ထားတဲ့လက်ရာတွေကိုပြသခွင့်ရတာကြောင့် အရမ်းပျော်ရွင်နေခဲ့သည် ။ တစ်နေ့ တစ်နေ့ရှန်မီယောင်းတို့ရဲ့နေ့ရက်တစ်ချို့က ပျော်စရာတွေချည်းပဲဆိုပေမယ့် ရှန်မီယောင်းမှာ သတိလက်လွတ်မနေရဲပါ ။ ဘယ်အချိန်မှာအလစ်ဝင်တိုက်မလဲမသိနိုင်တဲ့ တာကဲရူ ကို ခဏလေးတောင် အခွင့်ရေးမပေးရဲပေ ။ ထို့ကြောင့် ဒီနေ့သွားရမယ့် Company ဆီကို ရှန်းကူလေးကို ပါခေါ်သွားဖို့စဥ်းစားကာ အခုဆိုရင် အဝတ်စားပင်လဲနေချေပြီ ။

အပေါ်ကုတ်ထပ်ဝတ်နေတဲ့ရှန်းကူဟာ ရှန်မီယောင်းကိုမော့ကြည့်ကာပြောလာသည်။

" ကိုကို Baby အိမ်မှာနေခဲ့လို့အဆင်ပြေပါတယ်။ ကိုကိုအလုပ်ကိုလိုက်ရင် Baby အနှောက်ယှက်ပေးသလိုဖြစ်နေလိမ့်မယ်လေနော် "

 BABY IS MY LIFE Tahanan ng mga kuwento. Tumuklas ngayon