အပိုင်း ၂ ။ မေမေကဘာလို့မချစ်တာလဲဟင်
( Unicode )
*တီ * တီ *!
ရှန်းကူ တို့ မြေးအဖွား က ရှောင်အိမ်တော်ကိုညစာစားရန် ရောက်လာခဲ့တယ်။
ကားစင်ဝင်အောက်မှာရပ်ပြီးသည်နှင့် အိမ်ထဲမှာရှိတဲ့ သားဖြစ်သူ ချွေးမ နဲ့ မြေးတို့ သည် ရှောင်သခင်မကြီးကို ထွက်ကြိုဆိုကြသည်။ကောင်းဝေ နဲ့ ရို့ချန် သည်လည်း သူတို့အဖွားကိုထွက်ပြီးကြိုဆိုသော်လည်း.. ရှန်းကူတစ်ယောက်တည်းကိုသာဂရုစိုက်ပြီးသူတို့ကိုကျတော့ဂရုမစိုက်ဘူးအထင်မှားကာ လုံးဝဂါရဝတရားမရှိပေ ။ရှောင်သခင်မကြီး သည် ရှောင်ဖုန်းဝေ ရဲ့ သားနှစ်ယောက်ရှေ့ရောက်နေသည့်တိုင် အဖွားဖြစ်သူကို ဂါရဝတရားမရှိတဲ့ မြေးနှစ်ယောက်ကို အတော် စိတ်ပျက်စွာတွေ့လိုက်ရသည်။
"အမေ ရောက်ပြီလား"
"အင်း "
ရှောင်သခင်ကြီး ရှောင်ဖုန်းဝေ သည်အမေ ဖြစ်သူကို ခရီးဦးကြိုပြုလိုက်သည်။
ရှောင်သခင်မလင်းနန် လည်း ယောက္ခမ ဖြစ်သူရဲ့ လက်ကိုကူတွဲကာအချိုသာဆုံးပြုံးထားရင်းခရီးဦးကြိုပြုသည်။"အမေ လာမယ်ဆိုလို့ ကျွန်မအကောင်းဆုံး အစားအသောက်တွေပြင်ထားတယ် အထဲသွားရအောင်"
အိမ်တော်မှာရှိတဲ့လူတွေအားလုံးသည် ရှောင်သခင်မကြီးကိုသာ မျက်နှာလိုမျက်နှာရကပ်ဖားနေကြပြီးတဖက်တံခါးပေါက်ကဆင်းလာတဲ့ ရှန်းကူ ကိုတော့ ဘယ်သူမှဂရုမစိုက်ပဲ မသိချင်ယောင်ဆောင်ထားသည်။ရှောင်သခင်မကြီးသည် လင်းနန်တွဲထားတဲ့လက်ကိုညင်သာစွာပင်ဖြုတ်လိုက်ပြီး အားလုံးရဲ့နောက်မှာရပ်နေရတဲ့ သူ့ရဲ့ချစ်စရာကောင်းတဲ့မြေးငယ်လေး ကို လှမ်းခေါ်လိုက်သည်။
"ရှန်းအာ ဘာရပ်လုပ်နေတာလဲ ဖွားဖွားဆီလာပြီး မင်းအဖေနဲ့အမေ ကို မြန်မြန်နှုတ်ဆက်လိုက်လေ"
ထိုအခါမှ ရှန်းကူ ကို အားလုံးကသတိထားပြီးကာ ကြည့်ကြသည်။အဖွားဖြစ်သူစကားကြောင့် ရှန်းကူ ပျော်သွားပြီးအဖွား အနားသွားကာ သူ့ အဖေနဲ့အမေ ကို နှုတ်ဆက်ဂါရဝပြုလိုက်သည်။
ESTÁS LEYENDO
BABY IS MY LIFE
Romance# Fed - 3 - 2020 # moewathan #Cover - Melon mist 💞 #ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖြစ်သည်။