ကိုယ်ဗိုက်ဆာတယ်

78.2K 6.2K 216
                                    

အပိုင်း ၃ ။ ကိုယ်ဗိုက်ဆာတယ်

                      ( Unicode )

ကျောင်းစာသင်ခန်းထဲတွင် ဆရာ မလာသေးတာကြောင့် ကျောင်းသားတွေရဲ့ဆူညံသံဟာ တစ်ယောက်တစ်ပေါက်ဖြစ်ကာ ဟိုတစ်စ ဒီတစ်စထွက်လို့နေသည်။ ရှန်းကူနဲ့ သူ့သူငယ်ချင်း နှစ်ယောက်လည်းကစားနည်းတစ်ချို့ကို ခုံမှာမျက်နှာချင်းဆိုင်၍ကစားနေကြသည်။ ရှန်းကူ သူငယ်ချင်းဆိုသည်မှာ ဟွမ်ရွမ်းဝူ နဲ့ ကုဖန်းဇီ တို့ဖြစ်သည်။

ဟွမ်ရွမ်းဝူ နဲ့ ကုဖန်းဇီ ဟာ သူ့သူငယ်ချင်း ရှန်းကူလေး နဲ့ ဒီလိုကစားနေပေမယ့်တစ်ကျောင်းလုံးရဲ့ကျောင်းလူဆိုးလေးဖြစ်တာကြောင့်တစ်တန်းလုံး​ကြောက်ကြရသည်။ဟွမ်ရွမ်းဝူနဲ့ ကုဖန်းဇီ ဟာ အကြောင်းမဲ့လူတစ်ဖက်သားကိုအနိုင်ကျင့်တာမျိုးတော့မဟုတ် ။ သူတို့ရဲ့သတ်မှတ်ချက်က ရှင်းရှင်းလေးပါ 'ရှောင်ရှန်းကူ' ဆိုတဲ့ သူတို့သူငယ်ချင်းကို 'အနိုင်မကျင့်ရင်' ရပြီဖြစ်သည်။

သူတို့နှစ်ယောက်ဟာ ရှောင်ရှန်းကူ နဲ့ အသက် ၁၀ အရွယ်ထဲက ဒီကျောင်းတော်ကြီးမှာသူငယ်ချင်းဖြစ်ခဲ့သည်။ ကုဖန်းဇီ နဲ့ ရှန်းကူဟာ အသက်ရွယ်တူဆိုပေမယ့် ကုဖန်းဇီက ရှန်းကူထက် လအနည်းငယ်ကြီးသည် ။ ဟွမ်ရွမ်းဝူ က ၂၀ နှစ်ပြည့်ပြီးသားမို့ ရှန်းကူ နဲ့ ဖန်းဇီ တို့ထပ် ၁ နှစ်နီးပါးကြီးသည် ။

အရင်တုန်းကတော့ ကုဖန်းဇီ နဲ့ ဟွမ်ရွမ်းဝူ တို့နှစ်ယောက်သည် ကျောင်းလူမိုက်လုပ်ဖို့ရာစိတ်မဝင်စားသလိုစိတ်ကူးထဲလည်းမရှိပေမယ့် ရှန်းကူ နဲ့ ပေါင်းလာတာကြာတော့ ဘယ်လိုမှမလုပ်လို့မရမှန်းသိလာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ရှန်းကူ ဟာ ကျောင်းမှာ လူတိုင်းကိုကူညီပေးတတ်ပြီး အရမ်းစိတ်ရင်းစေတနာကောင်းသည်။ သို့သော် အဲ့ဒီ့အချက်ကပင်အဓိကပြသာနာဖြစ်နေတော့သည်။ ရှန်းကူ ကျောင်းစာနဲ့ပက်သတ်ပြီး ကူညီပေးနိုင်တဲ့ဘယ်လိုအကူညီမျိုးမဆို တစ်ချက်ကလေးတောင် မညီးညူပဲ ကူညီပေးတတ်တာကြောင့် ကျောင်းမှာလူချစ်လူခင်ပေါများတာ မှန်ပေမယ့် ... ထိုစေတနာကို အခွင့်ရေးယူပြီး ခိုင်းချင်သလို ခိုင်းနေတဲ့လူတွေကြောင့် ရှန်းကူ မှာ ကျောင်းစာလုပ်ရင်းအိပ်ရေးမဝတဲ့ရက်တွေတောင်ရှိလာသည် ။

 BABY IS MY LIFE Where stories live. Discover now