ရှင်းကြောင့်နာကျင်နေရတဲ့Joeလေးနှင့်ဒေါသပေါက်ကွဲနေတဲ့ရှန်မီယောင်း

43.3K 4K 295
                                    

အပိုင်း ၃၉ ။ ရှင်းကြောင့်နာကျင်နေရတဲ့Joeလေးနှင့်ဒေါသပေါက်ကွဲနေတဲ့ရှန်မီယောင်း

                            ( Unicode )

ရှောင်အိမ်တော်တွင် ရှောင်သခင်မကြီးအပြင် ရှောင်မူးရန်တို့မိသားစုအားလုံးရှိနေကြသည် ။
အားလုံးက အခုမှရောက်လာတဲ့ ရှန်းကူလေးကိုတီးတိုးပြောရင်းဝေဖန်နေခဲ့သည် ။ရှောင်သခင်မကြီးသည် ရှန်းကူ ကိုတွေ့တာနဲ့ဖက်ကာငိုကြွေးနေတော့သည် ။

" မြေးလေး အီးဟီးဟီး "

" ဖွားဖွား ဖေဖေတို့ ဟင့် "

အခုဆိုရင် ရှောင်အိမ်နဲ့ပက်သတ်တဲ့လူဆိုလို့ ရှန်းကူနဲ့ ရှောင်သခင်မကြီးပဲကျန်ရစ်တော့သည် ။ ကျန်ရစ်တဲ့စည်းစိမ်တွေကိုခံစားရမယ့် ရှန်းကူလေးကို ဆွေမျိုးတစ်ချို့ရဲ့လောဘတတ်နေတဲ့အကြည့်နဲ့ကပ်ဖားရပ်ဖားလုပ်မှု့တွေက အနားမှာဝဲလျှက်။ နေ့လည်အချိန်မှာတော့ ဘိုးဘေးမှတ်တိုင်မြေနေရာတွင် ရှောင်မူးရန်နဲ့ရှန်းကူတို့ဓာတ်ပုံကိုယ်စီကိုင်ကာရှိနေခဲ့ကြသည် ။ ရှန်းကူလေးသည် သူ့ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှု့အပေါ် ကံတရားကိုသာအပြစ်ပုံချပြီး အဆက်မပြတ်ငိုနေမိသည် ။ ရှန်းကူလေးရဲ့ငိုနေတဲ့မျက်နှာကိုကြည့်ပြီး အဝေးတစ်နေရာကနေရင်ထဲမချိတဲ့လူတစ်ယောက်လဲရှိနေခဲ့တယ် ။

" ရှန် မင်းအဲ့လောက်ခံစားနေရရင် ဘာလို့သွားမနှစ်သိမ့်ပေးလိုက်တာလဲ။အခုချိန်မှာ ရှန်းကူကမင်းကိုလိုအပ်နေတယ်လေ "

ရီဟေးချုံးစကားကိုမျက်နှာသေနဲ့လက်သီးကျစ်ကျစ်ဆုတ်ကာ။

" ငါသွားချင်တယ်။သူ့မျက်ရည်တွေကိုဘယ်လိုအရာကြောင့်မှမကျစေချင်ဘူး..ဒါပေမယ့် ငါသူ့ဆီကိုမသွားနိုင်ဘူးဖြစ်နေတယ် "

" ဘာလို့လဲ မင်းကိုယ်မင်း အပြစ်ရှိတဲ့ခံစားရလို့လား "

" ဟက် .. အပြစ်လား ငါသူတို့ကိုအခုလိုလုပ်လိုက်လို့ ဘာတစ်ခုမှမခံစားရဘူး သူတို့က သူတို့နဲ့ထိုက်တန်တာကိုရသွားတာလေ "

" အဲ့တာဆိုဘာလို့လဲ "

" ငါထင်တယ် အခုလိုအချိန်မှာ Baby က ငါ့ကိုတွေ့ရင် အချိန်နောက်ကျမှရောက်လာမိတဲ့သူ့ကိုယ်သူပိုစိတ်ပျက်ပြီး ငါ့ကိုနာကျဥ်းတဲ့စိတ်ဝင်လာလိမ့်မယ်။ အဲ့တာကြောင့် ငါရှေ့ဆက်မတိုးချင်ဘူးဟေးချုံး "

 BABY IS MY LIFE Where stories live. Discover now