အနာဂတ်အတွက်အသက်ကိုလောင်းကြေးထပ်ထားတဲ့ရှန်မီယောင်း

28.6K 1.8K 12
                                    

အပိုင်း ၆၀ ။ အနာဂတ်အတွက် အသက်ကိုလောင်းကြေးထပ်ထားတဲ့ရှန်မီယောင်းနဲ့တာကဲရူကြားကတိုက်ပွဲ။

                     ( Unicode )

လွန်ခဲ့တဲ့ရက်က မနက်လေးနာရီအချိန်တွင် လီဟန်ရှင်းနဲ့ Joe တို့အိပ်နေတုန်း ဆေးရုံဆီကစိတ်မ​ကောင်းစရာသတင်းနဲ့အတူဖုန်းဆက်လာတာက Joe အမေဟာတိတ်ဆိတ်စွာပင်ဆုံးပါးသွားတဲ့သတင်းဖြစ်သည် ။

ထိုသတင်းကြားကြားချင်း Joe အရမ်းနာကျင်ခံစားရခဲ့ရသည်။ သူ့အမေရဲ့ရက်လည်ပြီးသည့်တိုင် မစားမသောက်ပဲငိုနေပြီး သူ့အမေဓာတ်ပုံပွေ့ပိုက်၍သာတစ်ယောက်တည်းနေနေခဲ့သည် ။ လီဟန်ရှင်းချော့မော့ကာကျွေးတဲ့တစ်ချိန်သာအစားစားပြီးကျန်တဲ့အချိန်တွေမှာ လုံးဝမအိပ်ပဲနေတာကြောင့် ကြာတော့ Joe ရဲ့ခန္ဓာကိုယ်အားနည်းပြီးမူးမေ့လဲတဲ့အထိဖြစ်လာခဲ့သည်။
နောက်ပိုင်းမှာ မိခင်ဖြစ်သူကြောင့်စိတ်ဝမ်းနည်းနေဆဲ Joe ဟာ တော်ရုံနဲ့စကားမပြောတော့ပဲစကားပြောလည်းနည်းလာသည် ။ အပြုံးအရယ်ဆိုတာလည်းမရှိသလောက်ကိုရှားပါးခဲ့ပြီ ။ ဒါဟာ သူ့စိတ်ကိုကုစားနေဆဲအချိန်မို့ လီဟန်ရှင်း ဟာ Joe အပေါ်တတ်နိုင်သလောက်နွေးထွေးမှု့တွေပေးခဲ့တာကြောင့် အခုရက်ပိုင်းတော့ Joe ရဲ့စိတ်တွေပုံမှန်ပြန်ဖြစ်လာခဲ့သည် ။

မနက်ခင်းတိုင်း Joe ဟာ လီဟန်ရှင်းအကျီစကိုလက်နှစ်ဖက်နဲ့ဆုတ်ကိုင်ထားတတ်ပြီး Joe နိုးလာတဲ့အချိန်မှာ လီဟန်ရှင်းကိုမတွေ့လျှင် သူ့မျက်နှာဟာစိုးရိမ်ပူလောင်နေတဲ့အသွင်နှင့်လိုက်ရှာတတ်တာကြောင့် လီဟန်ရှင်းသည် အမြဲတမ်း Joe နိုးတဲ့အချိန်မှသာ အိပ်ရာအတူတူထတတ်သည်။

Ringtones... ~~ ဖုန်းသံကြောင့် လီဟန်ရှင်း သည် Joe လက်ကိုအသာလေးဖြည်ချကာကုတင်မှာထိုင်ရင်းဖုန်းကိုင်လိုက်သည် ။

" Hello "

" ဟန် ..ဒီနေ့ရှင်ကျွန်မနဲ့တွေ့ရမယ့်ရက်ကိုတော့မမေ့နေပါဘူးနော်၊ ဟွန့် သူများကအများကြီးကူညီထားရတာ "

" ဒါပေါ့ ၊ ဒီနေ့မင်းနဲ့တွေ့ရင်ကိုယ့်အရေးကြီးဆုံးကိစ္စတစ်ခုရှိနေမှာ မမေ့ပါဘူး "

 BABY IS MY LIFE Where stories live. Discover now