မင်းကများသူ့ကိုထိရဲတယ်!

69.3K 6.5K 487
                                    

အပိုင်း ၁၀ ။ မင်းကများသူ့ကိုထိရဲတယ် ။

                         ( Unicode )

ရှန်းကူဘေးနားမှာအိပ်နေတဲ့ ရှန်မီယောင်းမှာရှန်းကူလက်လေးကိုမလွတ်တမ်းကိုင်ပြီး အိပ်မောကျနေတာ သူ့အိမ်ရောက်နေတဲ့အတိုင်းပဲ။ ရှန်မီယောင်း အိပ်နေတဲ့အချိန်မှာ အတန်းကိုဆရာမ ၃ ချိန်ပြောင်းသွားခဲ့ပေမယ့် ရှန်မီယောင်းကတော့ နိူးမလာသေးပါ။

အဲ့တာတွေထက် ရှန်မီယောင်း ကိုင်ထားတာကို ဒီတိုင်းတောင့်တောင့်ကြီး လက်ဆန့်ထားတဲ့ ရှန်းကူ က လက်မောင်းပြုတ်ထွက်တော့မယ်လို့ခံစား​နေရသည်။ ရှန်းကူ လက်အရမ်းညောင်းနေလေပြီ။

ထိုစဉ် ၄ ချိန်မြောက် အနုပညာအချိန်ရောက်တော့မှ ကျောင်းသားတွေအားလုံးသက်ပြင်းချရသည်။ အနုပညာအချိန်က စာသင်ချိန်တွေအားလုံးထဲမှာ အလွတ်လပ်ဆုံးပဲလေ။ ပြီးတော့ ၁ ပတ်မှာ ၁ ရက်ပဲပါတာ။ အနုပညာအတန်းချိန်ပြီးတာနဲ့ နေ့လည်ထမင်းစားဆင်းပြီမလား။

အဲ့ချိန်မှာ ကျောင်းသားအားလုံးက ရှန်းကူ ဘက္ကို အထူးအဆန်းလို လှည့်ကြည့်နေကြသည်။ ဒါပေမယ့် ရှန်းကူ ကေတာ့ သူတို့ကြည့်နေသည်ကို အာရုံမရှိပါ။ အခုတော့ရှန်းကူ ဖြစ်ချင်နေတာက ရူးပေါက်ချင်နေတာပဲ။

တတိယအချိန်စာသင်နေထဲက ရှန်းကူ ရူးပေါက်ချင်တာကို အောင့်ထားတာ အခုတော်တော်လေး စည်းအောင့်နေပြီ။ ဒါပေမယ့် ရှန် ကလည်းလက်ကို မလွတ်တမ်းကိုင်ထားတာကြောင့် မလှုပ်ရဲသေး။ နောက်ဆုံး ရှန်းကူ ဘယ်လိုမှမအောင့်နိုင်တော့တာကြောင့် ရှန်မီယောင်း မနိုးအောင် ရှန်းကူလက်ကို အသာလေးဖြည်းဖြည်းချင်းဆွဲထုတ်နေသည်။

ပထမ ဆွဲထုတ်လိုက်တုန်းက ရှန်မီယောင်း က တစ်ချက်တွန့်သွားပြီး ရှန်းကူလက်ကို ပြန်ဆွဲထားတာကြောင့် ရှန်းကူ ခဏပြန်ငြိမ်နေသေးသည်။နောက်မှ ပြန်ပြီး ဖြေးဖြေးချင်းဆွဲထုတ်လိုက်တော့မှ ရသွားသည်။ ရှန်မီယောင်း လက်ထဲကနေလွတ်မြောက်လာတဲ့ ရှန်းကူ လက်သေးသေးလေးဟာ အချိန်အတော်ကြာတဲ့အထိ တောင့်တောင့်ကြီး နေထားရတာမို့ ထိုလက်ကို လှုပ်တောင်မလှုပ်ချင်တော့ပေ။ ရှန်းကူ လည်း သည်းခံအောင့်ထားလို့မရတော့တာမို့ သန့်စင်ခန်းကို အမြန်ပြေးသွားလိုက်တော့သည်။

 BABY IS MY LIFE Where stories live. Discover now