လက်သမ လုပ်လိုက်ရတဲ့ကိုကို🔥

79.8K 5K 555
                                    

အပိုင်း ၂၆ ။ လက်သမ လုပ်လိုက်ရတဲ့ကိုကို

( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

ရှန်မီယောင်း သည် မနေ့ကမှ Company ကို ပထမဦးဆုံးအကြိမ်သွားပေမယ့် ဒီနေ့မှာတော့ ရှန်းကူလေး ရဲ့ ခေါင်းကဒဏ်ရာကိုစိုးရိမ်တာကြောင့် Company ကိုလည်းမသွားဖြစ်ပဲ အရင်ကလိုပဲအိမ်ကညွန်ကြားပြီးလုပ်နေသည် ။ ရှန်းကူ ကိုတော့ခေါင်းကဒဏ်ရာကြောင့်ကျောင်းတစ်ပတ်ခွင့်တင်ပေးထားသည် ။ ရှန်းကူတစ်ယောက် အခန်းထဲမှာထိုင်နေရင်း ပျင်းလွန်းလို့အရည်ပျော်ချင်နေပြီ ။

ရှန်းကူ ခေါင်းကဒဏ်ရာကြောင့်ပုံမှန်ထက်ဆိုးရိမ်စိတ်လွန်ကဲနေတဲ့ ကိုကိုသည်မနက်အိပ်ရာနိုးကတည်းက ရှန်းကူအားမျက်စိအောက်ကအပျောက်မခံယုံသာမက သူ့လက်မောင်းပေါ်ကနေတောင်ဆင်းခွင့်မပေးချင်ဟန်ဖြစ်နေသည်။ ထို့အတူ မျက်နှာသစ် ကိုယ်လက်သန့်စင်ခြင်းကိုသူကိုယ်တိုင်ပဲလုပ်ပေးပြီး မနက်စာစားတော့လည်း အောက်ထပ်မဆင်းစေပဲ ဒီအပေါ်ထပ်အခန်းကိုယူစားကြသည်။ ကိုကို က ရှန်းကူ နဲ့ပက်သတ်ရင် အခုလောက်ထိစိုးရိမ်စိတ်များတတ်မှန်း ရှန်းကူအခုမှသိသည် ။

သို့ပေမယ့် အခုလိုမျိုး ကိုကိုက ရှန်းကူအနားမှာပဲနေပြီး ရှန်းကူကိုဂရုတစိုက်လုပ်ပေးတာကိုတော့ အရမ်းသဘောကျသည် ။ ဒါ့ပေမယ့် တစ်ခုဆိုးတာက ရှန်းကူအိပ်ရာနိုးတည်းက အခုထိဒီမွေ့ယာပေါ်ကမဆင်းရသေးတာပဲ ။ ကိုကို့ ကိုလှမ်းကြည့်လိုက်တော့ မွေ့ယာဘေးမှာစာရေးစားပွဲရှည်ကို အကိုကျိုးဝေကိုယူလာခိုင်းပြီးထဲက ကွန်ပြူတာတစ်လုံးနဲ့အလုပ်လုပ်နေသည်။

ပျင်းဖို့ကောင်းလိုက်တာ..

* အား သည်းမခံနိုင်တော့ဘူး အရမ်းပျင်းနေပြီ။ ဒီတိုင်းသာအိပ်ရာပေါ်မှာဆက်နေနေရင် တကယ်အရည်ပျော်တော့မယ်*

ရှန်းကူ သည် ပက်လက်အနေအထားနဲ့လှဲနေရာမှ ထထိုင်ကာ ဘေးမှာအလုပ်လုပ်နေတဲ့ ရှန်မီယောင်းကိုကြည့်လိုက်သည်။

"ကိုကို "

ရှန်းကူ ခေါ်လိုက်တော့ ရှန်မီယောင်းကကွန်ပြူတာ နှိပ်နေရင်း ရှန်းကူကိုလှည့်ကြည့်လာသည် ။

 BABY IS MY LIFE Where stories live. Discover now