ရန်ပွဲကြားကမြေဇာပင်

64.3K 5.1K 323
                                    

အပိုင်း ၂၄ ။ ရန်ပွဲကြားကမြေဇာပင်

                       ( Unicode )

အရင်အပတ်ကကျောင်းပိတ်ရက်ပြီးတည်းက ရှန်မီယောင်းနဲ့အချိန်ကုန်ဆုံးနေခဲ့တဲ့ရှန်းကူလေးအတွက် ဒီနေ့မှာ ရှန်မီယောင်းကိုယ်တိုင်ကျောင်းပို့ပေးပြီးမှ Company သွားရန်ပြင်ဆင်ထားသည်။ အရင်ကတည်းက အိပ်ချိန်အများကြီးမယူနိုင်တဲ့ ရှန်မီယောင်းက ရှန်းကူလေးအနားမှာရှိနေသည့်တိုင် သူ့အိပ်ချိန်ကိုအကြာကြီးတော့မဆွဲထားနိုင်ပေ ။

ရှန်မီယောင်းရဲ့တစ်နေ့တာအစမှာအရင်ဆုံးခံစားထိတွေ့ရတာကတော့ သူ့နံဘေးမှာ သူ့အားရေဘဝဲတစ်လောက်အလားရှိသမျှလက်တွေခြေထောက်တွေနဲ့ခွဖက်ထားတဲ့ ချစ်စရာကလေးငယ်ပင် ။ လက်မောင်းခေါင်းအုံးပြီးအိပ်နေတာပင်မလုံလောက်စွာ ရှန်မီယောင်းကိုအခုလို ခွရက်သာဖက်တွယ်ထားတဲ့ဒီကလေးငယ်ရဲ့အိပ်ပျော်နေပုံလေးကိုကြည့်ပြီး ရှန်မီယောင်းတကယ်ပင်မပြုံးပဲမနေနိုင်ခဲ့ပါ ။ ရှန်မီယောင်းအတွက်တော့ ဒီကလေးငယ်က ချစ်တဲ့မျက်စိနဲ့မကြည့်ရင်တောင် တကယ်ချစ်ဖို့ကောင်းလွန်းနေတာကတော့ မငြင်းဆန်နိုင်ပါ ။

အခုတော့ ရှန်မီယောင်းအရင်ဆုံးအိပ်ရာထရမှာမို့ ရှန်းကူလေးရဲ့မျက်နှာအနှံ့အနမ်းတွေခြွေလို့ဝတော့မှအိပ်ယာဆီမှထလိုက်သည် ။ အပြင်ဘက်ကိုကြည့်လိုက်တော့ အတော်လေး စောနေသေးတာကြောင့် အိပ်ပျော်နေတဲ့ကလေးကိုမနှောက်ယှက်တော့ပဲ တိတ်တိတ်လေးသာထွက်လာပြီး ခဏတာအတွက်မျက်နှာသစ်သွားတိုက်လုပ်လိုက်သည်။

အကြံနဲ့လူသား ရှန်မီယောင်းက ရေ တစ်ခါတည်းမချိုး.. ရှန်းကူလေးနိုးမှအတူတူချိုးချင်တာမို့ ။

အရင်ဆုံး ရှန်းကူလေးအတွက် ကျောင်းဝတ်စုံနဲ့လိုအပ်တဲ့လွယ်အိတ်ကိုစစ်ဆေးပြီးထုတ်ထားပေးထားလိုက်တယ်။ အဲ့တာလုပ်ပြီးသည့်တိုင် အချိန်ကနည်းနည်းစောနေသေးတာကြောင့် ရှန်မီယောင်းဒီနေ့ Company မီတင်မှာစီမံရမယ့် Project ကိုတစ်ခါပြန်စစ်ကြည့်မယ်တွေးလိုက်ရင်း ရှန်းကူလေးဆီလှမ်းကြည့်လိုက်တော့ ထိုကလေးငယ်က သူ့နံဘေးမှာမရှိတဲ့ရှန်မီယောင်းကိုလက်လေးတစ်စမ်းစမ်းနဲ့ပုတ်ကာ လိုက်ရှာနေပုံရတာမို့ မနေနိုင်တဲ့အဆုံးမှာရှန်မီယောင်းမွေ့ယာဆီပြန်သွားပြီးကုတင်ပေါ်မှာထိုင်ရင်းရှန်းကူလက်လေးကိုဆုတ်ကိုင်ပေးထားလိုက်သည်။ ရှန်းကူကတော့ ရှန်မီယောင်းသူ့လက်ကိုဆုတ်ကိုင်ထားလိုက်တာနဲ့ချက်ချင်းပဲ ကုတင်ပေါ်မှာထိုင်နေတဲ့ရှန်မီယောင်းဘက်ကိုတွန့်လီလှုပ်ယဲ့စွာတိုးကပ်လာပြီး သူ့ပါးဖောင်းဖောင်းလေးကို ရှန်မီယောင်းပေါင်နဲ့ပွတ်နေသည်။ ကြည့်ရတာ အဲ့ကလေးပေါင်ပေါ်ကိုခေါင်းအုံးချင်တာ အရမ်းအိပ်ချင်နေတော့ခေါင်းမကြွနိုင်ပုံပဲ ။ အဲ့လိုဆိုတော့ ရှန်မီယောင်းကရှန်းကူခေါင်းလေး မ ပြီးသူ့ပေါင်ပေါ်တင်ပေးလိုက်မှ ' အင်း ' ဆိုတဲ့အိပ်ချင်မူးတူးအသံလေးနဲ့ မသိစိတ်ရဲ့နှိုးဆော်မှု့ကြောင့်ထင် သေးသွယ်တဲ့လက်လေးတွေက ခါးဆီရောက်လာသည်။ King size မွေ့ယာအကျယ်ကြီးဝယ်ထားလို့သာတော်တော့သည် မဟုတ်ရင် အခုလိုအိပ်ရာပေါ်ကန့်လန့်လုပ်နေတဲ့သူ့ကလေးငယ်အတွက်တော့ သက်တောင့်သက်သာရှိမှာမဟုတ် ။

 BABY IS MY LIFE Où les histoires vivent. Découvrez maintenant