ပန်းခင်းကြီးထဲကအချစ်ကြမ်းခန်းလေး🔞

52.2K 3.8K 167
                                    

အပိုင်း ၄၂ ။ ပန်းခင်းကြီးထဲကအချစ်ကြမ်းခန်းလေး

                        ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

ရှန်မီယောင်းတို့ ကိုယ်ပိုင်လေကြောင်းလိုင်းကနေ ကိုယ်ပိုင်လေယာဥ်နဲ့ ဂျပန်ကိုထွက်ခွာသည် ။

လေယာဥ်ပေါ်မှာရှိတဲ့သီးသန့်အိပ်ခန်းမွေ့ယာပေါ်တွင် ရှန်မီ​ယောင်းဟာအိပ်ပျော်နေတဲ့သူ့ကလေးငယ်ကိုလက်မောင်းကြားထဲထွေးပွေ့စွာဖက်ထားရင်း နှဖူးလေးကိုတဖွဖွနမ်းရှိုက်နေတော့သည် ။ အခုချိန်မှာ ဒီအခိုက်တန့်က ရှန်မီယောင်း အတွက်ဘယ်လောက်ကြည်နူးပြီးပျော်ရွင်နေလဲဆိုတာတိုင်းတာ၍ပင်မရနိုင်ချေ ။

* နောက်ဆုံးတော့ ကိုယ်မင်းလေးကိုအိမ်ပြန်ခေါ်နိုင်ခဲ့ပြီ Baby *

ရှန်မီယောင်း ရှန်းကူ နှဖူးလေးကိုညင်သာစွာတဖွဖွနမ်းနေစဥ် ရှန်းကူလေးကမျက်မှောင်ကျုံ့ကာ အင်း အဲ လုပ်ပြီးနိုးလာခဲ့သည်။ ရှန်မီယောင်း အတွက်တော့ ရှန်းကူရဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းနေတာကြောင့် မျက်မှောင်ကျုံ့နေတာကို လက်ညှိုးနဲ့ပွတ်ပေးကာနေလိုက်သည် ။

" ကိုကို.. "

" အင်း Baby နိုးပြီလား "

ရှန်းကူသည် ရှန်မီယောင်းရင်ခွင်ထဲမှာပဲကပ်ပြီးခါးကိုပင်ပို၍တင်းတင်းဖက်ထားလိုက်တာကြောင့် ရှန်းကူပါးဖောင်းဖောင်းလေးတစ်ဖက်က ပိ ကာ နှုတ်ခမ်းရဲရဲလေးကဆူထွက်နေသည် ။ မျက်လုံးဝိုင်းဝိုင်းလေးပွင့်ကာ အိပ်ချင်မူးတူးနဲ့ ရှန်မီယောင်းကိုမော့ကြည့်လာတဲ့အသည်းအသက်လေးကြောင့် ရှန်မီယောင်းနှလုံးသားတွေကြွေရပြန်သည် ။

" ကိုကို ဗိုက်ဆာတယ် "

" ဗိုက်ဆာနေပြီလား။ထတော့နော် ကိုကိုအဆင်သင့်ပြင်ခိုင်းထားတယ် "

"အွင်း "

ပြောပြီးတာနဲ့ ရှန်မီယောင်းကအရင်ထထိုင်လိုက်ကာ ကလေးငယ်ကိုတော့အိပ်နေရင်းပုံစံနဲ့ပင် ပွေ့ချီကာသူ့ပေါင်ပေါ်တင်ထားလိုက်သည် ။

 BABY IS MY LIFE Where stories live. Discover now