ကိုယ်ဝန်? ဖျက်ချလိုက်!

33.4K 2K 12
                                    

အပိုင်း ၅၈ ။ ကိုယ်ဝန်? ဖျက်လိုက် ။ ငါ့အနားကနေသူ့ကိုဆွဲထုတ်သွားမယ်အရာမျိုး ငါမလိုချင်ဘူး!!

                      ( Unicode )

ဒီညမှာအ​ကြံ​​ပေးအကြီးအကဲတွေနဲ့အတူအရေးကြီးညစာစားပွဲရှိတာကြောင့် အိမ်တော်ရှိအလုပ်သမားအားလုံးသေချာစီစစ်စွာလုပ်ကိုင်နေပြီးအမှားအယွင်းမရှိအောင်အထပ်ထပ်စစ်ဆေးနေတော့သည် ။ ထို့အပြင် ဂီတဖျော်ဖြေသူကိုလဲ ခေါ်ယူကာအသင့်ပြင်ဆင်ထားသည် ။ ဒီညမှာ အိမ်တော်ရှိလူအားလုံးသည် သူတို့ရဲ့အနာဂတ်ခေါင်းဆောင်ရဲ့ပွဲဖြစ်တာကြောင့် အမှားလုပ်၍မဖြစ်မှန်းအားလုံးကသိကြသည် ။
တဖက်တွင် ရှန်မီယောင်းသည် ရှန်းကူလေးနဲ့အတူရေချိုးပြီးတာနှင့် ရှန်းကူလေးအားအပြင်မှာထိုင်၍စောင့်နေစေပြီး အရင်ဆုံးသူ့အတွက်ကီမိုနိုဝတ်စုံကိုဝတ်ကာပြင်ဆင်လိုက်သည် ။

ခဏအကြာရှန်မီယောင်း အခန်းတံခါးဖွင့်သံကြားလိုက်ရသည် ။

" Baby .. "

ရှန်မီယောင်းခေါ်လိုက်တော့ ရှန်းကူလှည့်ကြည့်လိုက်တဲ့တခဏမှာ ရှန်မီယောင်းရဲ့ချောမောမှု့မှာနှလုံးခုန်သံမြန်ဆန်လာပြီး မျက်လုံးလေးတွေမှာ အရောင်တောက်လာတော့သည် ။

နက်မှောင်တဲ့ဆံပင်နှင့် ထူထဲတဲ့မျက်ခုံး နှင့် ရှည်လျှားစွာဖုံးအုပ်ထားတဲ့မျက်တောင်ရှည်အောက်က စူးရှတဲ့မျက်လုံးအဝါရောင်တို့ဟာ သူစိမ်းလူနဲ့ဆိုရင်အမြဲမျက်မှောင်ကြုတ်ထားတတ်ပေမယ့် ရှန်းကူနဲ့ဆိုရင် သွားဆွယ်လေးတွေပေါ်တဲ့အထိ တဟားဟားနဲ့ရယ်တတ်ပြီး ပြုံးတတ်တဲ့ သူဟာ အခန့်ငြားဆုံးယောက်ကျားတစ်ယောက်ဖြစ်စေသည်။ အသားဖြူသည်မဟုတ်၊ ကြေးနီရောင်အသားရည်နှင့်လိုက်ဖက်စွာ အနီ နဲ့ အနက်စပ်ထားသည့်ကီနိုမိုကိုဝတ်ထားပြီး ကီမိုနိုအပေါ်မှ ပုံစံဖော်ထားတဲ့ အဖိုးတန်ကျောက်မျက်ရတနာအရောင်ရှိသည့်ငှက်မောင်နှံသည် လှပစွာထင်ပေါ်၍ကြည့်ကောင်းမှု့မှာတိုင်းတာမရချေ ။ ဒါ့အပြင်ပါးသိုင်းမွှေးရေးရေးရှိနေပြီး မရိတ်ရသေးတဲ့ နှုတ်ခမ်းမွေးငုတ်တိုလေးတွေဟာလည်းခန်းငြားတဲ့ ရှန်မီယောင်းမျက်နှာပေါ်တွင်နေရာယူထားသည် ။ ခန္တာကိုယ်အားဖြင့်ကျယ်ပြောလှတဲ့ရင်အုံနှင့် ကျောပြင်တို့က ရှန်းကူအတွက် အားကိုးမှု့အပြည့်နဲ့နားခိုရာလုံခြုံတဲ့နေရာလေးတစ်ခုအဖြစ်နေသည် ။

 BABY IS MY LIFE Where stories live. Discover now