ဘေဘီကြောင့်ရူးသွပ်ခြင်း

66.8K 6.3K 274
                                    

အပိုင်း ၁၁ ။  ဘေဘီကြောင့်ရူးသွပ်ခြင်း ။

                        ( Unicode )

" ပြော "

"ရှန် မင်းအဆင်ပြေရဲ့လား"

ရှန်မီယောင်းဖုန်းကိုင်လိုက်တာနဲ့တစ်ဖက်ကစိုးရိမ်နေတဲ့အသံနဲ့ပြောလာတဲ့ရီဟေးချုံးကြောင့်မျက်မှောင်ကျုံ့လိုက်မိသည်။ ဒီ ဟေးချုံးဆိုတဲ့ကောင်ကအမြဲလိုက်ပူနေတာပဲ။

"ငါက ဘာကိုအဆင်မပြေရမှာလဲ"

"အော် ဘာမှမဟုတ်ပါဘူး။ ဒီရက်တွေမှာ မင်းအိပ်ချိန်နည်းနည်းတိုးလာတယ်ဆိုတော့တခြားတစ်ခုခုဖြစ်မှာစိုးရိမ်လို့မေးကြည်တာကွာ။ပြီးတော့ ငါကအဝေးမှာ​လေမင်းကျန်းမာရေးနဲ့ပက်သတ်ပြီးချက်ချင်းပြေးမလာနိုင်ဘူးကွ "

" ငါအဆင်ပြေတယ် စိတ်မပူလည်းဖြစ်တယ်။ အခုဖုန်းဆက်တာဘာကိစ္စလဲ "

ဒီမနက်ရန်ကျိုးဝေဆီက ရှန်မီယောင်းရဲ့စိတ်အခြေအနေမကောင်းတာကိုသိထားတာကြောင့် ရုတ်တရက်ကြီးစိတ်လွတ်သွားမှာကို ရီဟေးချုံးတကယ်စိတ်ပူနေရသည်။ ပုံမှန်နေရာမှာဆိုကိစ္စမရှိပေမယ့် ကျောင်း လို့နေရာမျိုးမှာတော့ ဒီကိစ္စတွေဖြစ်သွားရင်ဖြေရှင်းရခက်လိမ့်မည်လေ။ ဒါပေမယ့် အခုလိုစကားပြောကြည့်လိုက်တော့အခြေအနေကထင်သလောက်မဆိုးသေးပါဘူး။ အင်း ပြောရရင် ဒီကောင်စိတ်ရူးမ​ဖောက်သေးဘူးပဲ။

"ဟေ့ကောင် ဖုန်းကိုင်ပြီးစောက်စကားမပြောရင်လဲချလိုက်တော့ ငါမအားဘူး"

*တွေ့လား ရှန် ဆိုတဲ့ ကောင်က ငါ့ဆို အဲ့လိုယဉ်ကျေးတာ။ စိတ်ရှိတိုင်းသာဆိုရင်သေနတ်နဲ့ချည်းပစ်သတ်ချင်တာ။ ဟန့် မဖြစ်နိုင်လို့သာ *

"နေပါဦးကွာ။ ငါအတည်ပြောစရာရှိတယ် ခဏနားထောင်ဦး"

ရီဟေးချုံး က ရှန်မီယောင်းရဲ့ စိတ်မရှည်တဲ့အကြောင်းကိုသိနေတာကြောင့် စကားတွေထပ်မရှည်တော့ပဲအတည်ပြောလာသည်။

"X ဂိုဏ်းက ခွေးတွေက မင်း ဂျပန်မှာ မရှိတာကို သိသွားပြီးမင်းခြေရာကိုအနံ့ခံနေကြပြီ။ ပြီးတော့ ဒီဘက်မှာမင်းခိုင်းထားတဲ့အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်မှု့က ငါသူတို့ကိုသွားညှိနှိုင်းပေမယ့် အစိုးရဘက်လည်း X ဂိုဏ်းရဲ့ ကမ်းလှမ်းမှု့တွေကြောင့်အခက်တွေ့ပြီးငြင်းရခက်နေပုံပဲ"

 BABY IS MY LIFE Where stories live. Discover now