အတိတ်ရဲ့ခြောက်လှန့်မှု့

76K 6.3K 606
                                    

အပိုင်း ၅ ။ အတိတ်ရဲ့ခြောက်လှန့်မှု့ ။

                       ( Unicode )

"တောက်စ်! တစ်ယောက်မှ $သုံးမကျဘူး ငါနင်တို့ကိုခိုင်းထားတာ ဘယ်လောက်ကြာနေပြီလဲ အခုထိ သတင်းအစနလေးတောင်ရအောင်မရှာနိူင်ဘူးလား "

ယခုပြောနေသူမှာ ကျန်းမာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့တစ်ဦးတည်းသောသမီး ကျန်းရှင်းယွင့် ပဲ ဖြစ်သည်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် သူမအခုစုံစမ်းခိုင်းထားတာသည် ရှန်မီယောင်း အကြောင်းပဲဖြစ်သည်။ သူမ နဲ့ ရှန်မီယောင်းတို့ တွေ့ဆုံခဲ့ပုံမှာ သူမ အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာအဖေဖြစ်သူက Silver Reaper ဂိုဏ်းခေါင်းဆောင်ဆိုသူကို တကူးတက ဖိတ်ကြားခဲ့လို့ ရှန်မီယောင်း သည် သူမ မွေးနေ့ကိုလာရာကနေ သူမ ရှန်မီယောင်း ကို အရမ်းစိတ်ဝင်စားခဲ့သည်။ အဲ့ဒီ့အချိန် ရှန်မီယောင်း အသက် ၂၀ ပြည့်ပြီးနှင့်နေပြီမို့ ရင့်ကျက်တဲ့ ယောက်ကျားတစ်ယောက်အသွင်ပြင်နဲ့အားလုံးကိုက်ညီစွာကျန်းရှင်းယွင့် ရဲ့ စတိုလ်လဲဖြစ်နေသည်။ သို့ပေမယ့် ရှန်မီယောင်း ဆိုတဲ့ လူဟာ ကျောက်ခဲနှလုံးသားပိုင်ဆိုင်ထားတယ်ဟု အများကခေါ်သလိုပင် တကယ်လည်းကျောက်ခဲလို လူစားမျိုးပင် ။

ကျန်းရှင်းယွင့် အတွက် အဲ့အချိန်က အသက် ၁၈ နှစ်ပြည့်မွေးနေ့ပါတီတစ်ခုလုံးမှာ ပုရိသတွေရဲ့ သရေယိုဖိတ်တဲ့အထိစိုက်ကြည့်ကာစိတ်ဝင်စားမှု့ခံရသော်လည်း ရှန်မီယောင်း ရဲ့ အကြည့်တစ်ချက်လေးတောင် သူမ မရလိုက်ပါ။ ဒါပေမယ့် သူမ ရှန်မီယောင်းအပေါ်စိတ်မပျက်ပဲ ပို၍ပင် စိတ်ဝင်စားမှု့မြင့်လာသည်။ ရှန်မီယောင်း ၏ပုံစံမှာ ရှင်ဘုရင်ထက်ကနတ်ဘုရားတစ်ပါးလို အရာရာပြီးပြည့်စုံတာမို့ သူမအတွက်ပို၍စိတ်ဝင်စားမှု့များစေသည်။

ထိုနေ့မှစ၍ ကျန်းရှင်းယွင့် အရာအားလုံးကို ကြိုးစားသင်ယူသည်။ သူမသည် ထူးချွန်ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်လာတဲ့တစ်နေ့ရောက်လာခဲ့ရင်ရှန်မီယောင်းဂရုမစိုက်ဘူးဆိုတာမဖြစ်နိုင်ဘူး ဟု ယူဆနေလို့ပဲ​ဖြစ်သည်။ အဲ့တာကြောင့်လည်း ကျန်းရှင်းယွင့် နိုင်ငံခြားထွက်ကာ ပညာတော်သွားသင်ပြီး အဝေးမှာနေ၍ လျှို့ဝှက်လူတစ်ယောက်ထားကာ ရှန်မီယောင်းရဲ့ကိစ္စတွေကို ပြန်တင်ပြခိုင်းခဲ့သည်။

 BABY IS MY LIFE Where stories live. Discover now