ရင်သွေးလေးအပေါ်ရွှေးချယ်နေရပြီဖြစ်တဲ့ရှန်မီယောင်း

30.5K 2K 5
                                    

အပိုင်း ၅၉ ။ Daddy မင်းကိုချစ်ပေမယ့် မင်းပါးပါးကိုထပ်အဆုံးရှုံးမခံနိုင်လို့ တောင်းပန်ပါတယ်ကလေးလေးရယ်။

( Unicode )

" ဖျက်ချလိုက် "

" ဘာ..."

" ငါပြောတာမကြားဘူးလား ! ငါအဲ့ကလေးကိုမလိုဘူး ငါ Baby ကိုပဲ လိုတယ် ! baby က ငါ့ဘဝ ဒီကလေးရောက်လာလို့ Baby တစ်ခုခုဖြစ်မယ်ဆို ငါဒီကလေးကိုမွေးခွင့်မပေးနိုင်ဘူး "

" နေဦး ! ရှန် ဒါက မင်းသွေးသားနော်.. ပြီးတော့ ငါပြောတာတွေကဆေးဘက်ဆိုင်ရာဖြစ်နိုင်ခြေတစ်ခုပဲ လုံးဝဖြစ်မယ်လို့မဆိုလိုဘူး ။ မင်းအဲ့လိုဆုံးဖြတ်ချက်မျိုးလွယ်လွယ်မချရဘူး "

" ငါကရော .. ငါကရော ဒီဆုံးဖြတ်ချက်ကိုလွယ်လွယ်ချတယ်လို့မင်းထင်နေတာလား ! "

စိတ်တွေရှုတ်ထွေးကာ သွေးသား နဲ့ ချစ်ရသူကြားမှာ ရှန်မီယောင်းလမ်းပျောက်၍ရူးချင်လာရသည် ။ ကိုယ့်ရဲ့ဦးဆုံးသွေးသားမို့ ရင်ထဲမှာအတိုင်းမသိပျော်ရွင်ပြီးတန်ဖိုးထားရပါသော်လည်း သူချစ်ရတဲ့ဒီကလေးငယ်ရဲ့အသက်ကိုနုတ်နိုင်ချေရှိပါတယ်ပြောထားရက်သားနဲ့တော့ ရှန်မီယောင်းဟာ ဒီကလေးကိုမမွေးခိုင်းနိုင်ပေ ။ အကြင်နာတရားခေါင်းပါးပြီးရက်စက်တဲ့ဖခင်လို့ခေါ်တွင်ရင်တောင် ရှန်မီယောင်းရဲ့တစ်ခုတည်း​သောပျော်ရွင်မှု့​လေးကိုတော့ အဝေးဆီကခေါ်ထုတ်သွားမှာမျိုးသေရင်တောင်ခွင့်မပြုနိုင်ပါ၊

ရီဟေးချုံး သည် ဒီအခြေနေဖြစ်လာပြီးတဲ့နောက်မှာ ရှန်မီယောင်းခံစားနေရမှာကိုတကယ်ပင်သနားသွားရသည် ။

ရီဟေးချုံး ပြောပြခဲ့သလိုပဲ ရှန်းကူဟာ မွေးကတည်းကသားအိမ်ပါလာသူမဟုတ်သလို ဖန်ပြွန်သန္ဓေအောင်ထားတဲ့ယောက်ကျားလေးတစ်ယောက်လဲမဟုတ်တာမို့ ဒီကိုယ်ဝန်ဆောင်ခြင်းဟာ ရှန်းကူအတွက် ၁၀၀ မှာ ၈၀ % လောက်က အသက်အန္တာရယ်စိုးရိမ်ရသည် ။ အခုတောင် နှစ်ပတ်တည်းရှိသေးတဲ့ဗိုက်ကလေးက ပုံမှန်ထက်နည်းနည်းလေးဆူနေပြီး အထဲက ကလေးကထွားတာမြန်နေသည် ။ ဒါဟာ ရီဟေးချုံး တစ်ယောက်တည်းဖြေရှင်းနိုင်တာမဟုတ်တာမို့ ဒီကိစ္စအတွက်အကောင်းဆုံးစုံစမ်းမှု့တို့လုပ်ရမည်၊
ဒီကြားထဲမှာ ရှန်မီယောင်းရဲ့စိတ်အခြေနေကောင်းဖို့သာမျှော်လင့်ရမည် ။ ရှန်မီယောင်း ဟာ ရှန်းကူလေးနဲ့နဲ့ပက်သတ်လာရင် သူ့စိတ်ထဲမှာ ဘာမှရှိသူမဟုတ်တာမို့ဒီအခြေနေမှာ သူ့အတွက်ခက်ခဲစေမယ့်ဆုံးဖြတ်ချက်မျိုးလည်း မချစေချင်ပါ ၊ အားလုံးအဆင်ပြေစေဖို့အတွက် စိတ်အေးအေးထားပြီးဖြေရှင်းရမည် ။

 BABY IS MY LIFE Where stories live. Discover now