Joeလေးကိုသဝန်တွေတိုနေတဲ့လီဟန်ရှင်း

40.5K 3.7K 201
                                    

အပိုင်း ၄၄ ။ Joeလေးကိုသဝန်တွေတိုနေတဲ့လီဟန်ရှင်း

                          ( Unicode )

လီဟန်ရှင်းသည် ရှန်မီယောင်းပြောသွားတဲ့ကိစ္စနဲ့အချက်အလက်တစ်ချို့ကြောင့်စိတ်ထဲတွေဝေစွာရှုတ်ထွေးနေခဲ့သည်။ လီဟန်ရှင်းအတွက်ရှန်းကူလေးရဲ့ဆံပင်အရောင်ကြောင့်သာ သူရှာနေတဲ့ကောင်ငယ်လေးလို့ထင်မိပေမယ့် တကယ်တမ်းအချက်အလက်အပြည့်အစုံနဲ့ရှန်မီယောင်းပြောလာချိန်မှာ လီဟန်ရှင်း အတွက်လမ်းစပျောက်ခဲ့ပြီ ။

Hotel ရဲ့မှန်ပြတင်းပေါက်ဆီကနေ့ဝိုင်ဖြူကိုဟန်ကျကျသောက်ရင်းအတွေးနယ်ချဲ့နေတဲ့ လီဟန်ရှင်းဟာ တစ်စုံတစ်ယောက်ရဲ့အပြုမှုအတွက်လဲစိတ်ထဲခုနေခဲ့သည် ။ Joe နဲ့ အရင်တခေါက်ကိစ္စတွေဖြစ်ပြီးတည်းကအခုထိ Joe ဟာ လီဟန်ရှင်းဆီမက်ဆေ့တစ်စောင်တောင်မပို့တော့ဘူး ။ ပုံမှန်ဆို လီဟန်ရှင်းဟာ Joe ထက်အရင်မော်ဒယ်တွေနဲ့တုန်းက တစ်ညတာအတွက်ပဲမို့ အခုလိုအရေးအယူစိတ်ထဲတောင်မထားသော်လည်း ​Joe နဲ့နောက်ဆုံးနေ့ဖြစ်ခဲ့တဲ့ညက သူခေါ်လိုက်တဲ့ ရှင်း ဆိုတဲ့နာမ်စားလေးဟာ လီဟန်ရှင်းစိတ်ထဲသဘောကျမိသလိုလိုဖြစ်မိသည်။ တွေးရင်းနဲ့ Joe ကိုသတိရလိုက်မိတာကြောင့် လီဟန်ရှင်း Joe ဖုန်းခေါ်လိုက်သည်။

>လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါ<

အကြိမ်ကြိမ်အခါခါခေါ်နေသော်လည်းဖြေဆိုခြင်းမရှိပဲ ဖုန်းမအားသေးပါသာပြောနေသောကြောင့် လီဟန်ရှင်းစိတ်ထဲတဖြည်းဖြည်းဘဝင်မကျဖြစ်လာတော့သည် ။

" တောက် ! ဘယ်သူနဲ့မို့ဒီလောက်ကြာအောင်ပြောနေတာလဲ ! "

လီဟန်ရှင်း ဟာ သူ့စိတ်ထဲမှာ Joe အပေါ်ဘယ်လိုသဘောထားမျိုးရှိလဲဆိုတာ သူကိုယ်တိုင်မသိပေ ၊ဒါ့ကြောင့် အခုချိန်မှာလီဟန်ရှင်းအတွက် Joe ဟာ Sexပါတနာအဖြစ်မြင်​နေဆဲပဲ ။

တဖက်တွင် Joe ဟာ မနေ့ညက သူ့အမေရောဂါအသည်းသန်ဖြစ်လို့တစ်ညလုံးဆေးရုံစောင့်အိပ်ခဲ့ရပြီး ဒီနေ့မနက် ဓာတ်ပုံရှုတင်အတွက်လုပ်ရသည် ။ ဒါ့အပြင် ဖုန်းဝမ် Company နဲ့ချိတ်ဆက်ထားတဲ့အလုပ်စာချုပ်တစ်ခုကြောင့် အဖွဲ့သားတွေနဲ့အတူ ဒီညပါတီအတွက်လည်းသွားရဦးမယ်။ဒါ့အပြင် ဆေးရုံကိုလည်းဆက်သွားရဦးမှာမို့ သူ့မှာအရမ်းပင်ပန်းနေသော်လည်း နားချိန်မရှိပေ။ဒါကြောင့် ရှုတင်အပြီးမှာ ညပါတီမသွားချင်၍ ဖုန်းဝမ်ဆီဖုန်းဆက်၍ပြောကြည့်သည်။

 BABY IS MY LIFE Where stories live. Discover now