​ဘေဘီ့အတွက်ရုပ်တည်ကြီးနဲ့Evaဝယ်နေတဲ့ ဒယ်ဒီရှန်

65.5K 5.2K 516
                                    

အပိုင်း ၃၁။ ဘေဘီ့အတွက်ရုပ်တည်ကြီးနဲ့EVAဝယ်နေတဲ့ ဒယ်ဒီရှန်။

                          ( Unicode )

နောက်တစ်နေ့မနက် ရှန်းကူသည် ရှန်မီယောင်းရဲ့လက်မောင်းပေါ်မှာအိပ်ပျော်နေပြီး လက်တွေက ရှန်မီယောင်းရဲ့ခါးကိုတင်းကျပ်စွာဖက်ထားရင်း နိုးလာခဲ့သည်။ မနေ့ကကိစ္စကိုပြန်သတိရလာတော့ အရှက်သည်းစွာနှင်ပင် ထိုလူကြီး ရင်ခွင်ထဲပိုတိုးကာနေမိသည် ။

* ဟင်? ငါ့နောက်ပိုင်းကဘာလို့စိုနေတုန်းလဲ? အာ ညက ကိုကိုသန့်ရှင်းရေးမလုပ်ပေးရသေးဘူးထင်တယ် *

ရှန်းကူအောက်ပိုင်းတစ်နေရာက စိုစိစိနဲ့တစ်ခုခုခံစားနေရတာကြောင့် မ​နေ့ညက ရှန်မီယောင်း သန့်ရှင်းရေးလုပ်မပေးရသေးဘူးထင်နေမိသည်။
ဒါပေမယ့် သူ့ကိုယ်သူပြန်ကြည့်မိတော့လဲ ညဝတ်အကျီတွေကသန့်ရှင်းကာနေပြန်သည်။ ဒီလိုစိုစိစိနဲ့နေရတာက စိတ်ထဲနေရခက်ပေမယ့် အိပ်မောကျနေတဲ့ရှန်မီယောင်းနိုးသွားမှာစိုးတာကြောင့်နည်းနည်းလေးတောင်မလှုပ်ပဲငြိမ်နေသည်။သို့သော် ပို၍ဆိုးရွားစွာ ရှမ်းကူအောက်ပိုင်းကတစ်ခုခုဆိမ့်ထွက်လာတာပိုများလာတာကြောင့်မနေနိုင်တော့ပဲ ရှန်မီယောင်းကိုဖက်ထားတဲ့လက်တွေကိုအသာလေးဖယ်ကာ ရှန်မီယောင်း လက်မောင်းပေါ်ကနေဖြေးဖြေးချင်းထထိုင်လိုက်သည် ။

ရှန်မီယောင်း ကတော့ ရှန်းကူဘက်လှည့်ကာ ထိုအတိုင်းလေးပင်အိပ်မောကျနေတုန်းမို့ ရှန်းကူကိုယ့်ဘာသာသန့်ရှင်းရန် အရင်ဆုံးထထိုင်လိုက်သည်။

"အ့ !... "

ညကအခြေနေက အရင်ကထက်ပို၍ပြင်းထန်တာမို့ ရှန်းကူ ယထလိုက်စဉ်မှာပင် အောက်ပိုင်းတစ်ခုလုံးနာကျင်စွာ အသံပိစိလေးထွက်သွားရသည်။ဒါကြောင့် ရှန်မီယောင်းနိုးမှာစိုးရိမ်စွာ လက်နဲ့အမြန်အုပ်လိုက်ရသည် ။

*အားကျွတ်ကျွတ် ... နာလိုက်တာ ..*

ရှန်းကူ ရေချိုးခန်းသွားဖို့အရင်ဆုံးစောင်ကိုလှန်လိုက်စဉ် ..။

"အားးးး !! ကိုကို !!! "

မြင်လိုက်ရတဲ့အရာတစ်ခုကြောင့် ရှန်းကူမျက်နှာဖြူရော်စွာ ချက်ချင်းကြောက်လန့်တကြား အော်တော့သည် ။

 BABY IS MY LIFE Where stories live. Discover now