အတိတ်ဆီကရန်ငြိုးတစ်ချို့

78.3K 6.2K 514
                                    

အပိုင်း ၁၅ ။ အတိတ်ဆီကရန်ငြိုးတစ်ချို့ ။

                          ( Unicode )

ဂျပန်နိုင်ငံရဲ့ မြို့အစွန်တစ်နေရာ ။

ဂျပန် နိုင်ငံရဲ့တိုကျိုမြို့အလည်မှာ ကြီးမားတဲ့ အိမ်အဆောက်အအုံမှာနေထိုင်တဲ့ အသက် 28 နှစ်အရွယ်ရှိ တာကဲရူ ဟာ နက်ပြာရောင်ကီမိုနို ကို ဝတ်ပြီးဒူးထောက်ထိုင်လျှက်အနေအထားနှင့် အဖိုးဖြစ်သူရဲ့ မှတ်ကျောက်တိုင်ရှေ့မှာ အရိုအသေပြုနေသည်။

အရပ် 6'1 ရှိပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ် ကြွက်သားတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာအသွင်အပြင်ကိုပါ ပိုင်ဆိုင်ထားတဲ့ တာကဲရူ သည် X အမည်ရှိ မှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည် ။ မှောင်ခိုဂိုဏ်းလောကမှာတော့ Silver Reaper မှောင်ခိုဂိုဏ်း ရဲ့ အာဏာာ က X ဂိုဏ်းထက် ပို၍ပင် အာဏာသက်ရောက်မှု့ရှိသော်ငြားလည်း မြေအောက်လောကမှာတော့ဘုရင်တဆူဖြစ်နေတုန်းပဲ
ဆံပင်အညို​ရောင်နှင့်ကြောက်စရာကောင်းတဲ့ မျက်လုံးက မျက်စံအပြာရောင်ရှိလို့နေသည် ။
စိတ်မကောင်းစရာက ထိုမျက်လုံးတစ်စုံမှာ ညာဘက်မျက်ဝန်းတစ်ဖက် က ငယ်ငယ်တုန်းက တာကဲရူ သိပ်မုန်းတီးတဲ့ လူတစ်ယောက်ကြောင့် ဖယ်ထုတ်လိုက်ရသည် ။

အခုဆို အဖက်ဖက်က ပြည့်စုံပါတယ်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ X ခေါင်းဆောင်ဟာ ကိုယ်အင်္ဂါအနေအထားအရ မျက်လုံးတစ်ဖက်ဆုံးရှုံးနေတဲ့လူတစ်ယောက်ဖြစ်နေသည် ။

"အဖိုး ကျွန်တော်အဖိုးအတွက် အဲ့ကောင်ကို သေချာပေါက်ပြိုလဲအောင်နင်းခြေပစ်မယ်။ ဒီလောကမှာ ကျွန်တော်ကလွဲ​ပြီး ဘယ်သူမှကျွန်တော့အထပ်မှာမရှိစေရဘူး။ အဲ့ကောင်တန်ဖိုး ထားသမျှအရာအားလုံး ကျွန်တော်ဖျက်စီးပစ်မယ်"

တာကဲရူ ဘိုးဘေးခန်းမမှာရှိတဲ့အဖိုးဖြစ်သူရဲ့ မှတ်ကျောက်တိုင်ရှေ့မှာ တစ်ခုခုကိုတိုင်တည်ပြီး ဂတိဝတ်ပြုနေသည် ။ သူ့မျက်နှာထက်က သွေးဆာနေတဲ့ မျက်နှာဘေးမျိုးနဲ့ပေါ့ ။

ထိုစဉ် ။ အပြင်တံခါးဆီကလူယုံသည် အရေးကြီးပြောစရာရှိဟန် နဲ့ စောင့်စားနေသည်။အရိုအသေပြုနေရာက အဆုံးသတ်လိုက်ပြီး ထိုခန်းမထဲမှာရှိနေတဲ့ စားပွဲပုလေးဟာထိုင်ရင်း လက်ဖက်ရည်တစ်ခွက်ငှဲ့သောက်၍ပြောစေလိုက်သည်။

 BABY IS MY LIFE Where stories live. Discover now