ဘေဘီ ဝ လာတယ်ထင်တယ်?

55K 4K 292
                                    

အပိုင်း ၅၇ ။ ဘေဘီ ဝ လာတယ်ထင်တယ်

                        ( Unicode )

ရှန်မီယောင်းရဲ့ဒေါသနဲ့အတူလောင်မြိုက်ခြင်းနဲ့အတူ ကားမတော်တဆဖြစ်၍***တံတားအောက်ခြေမှာ အဖြူရောင်ကားတစ်စီးနဲ့အတူအလောင်းဆို၍အသားစတစ်ချို့မျှသာတွေ့ရှိခဲ့ရတဲ့ ချန်းဝိန်ယွင် နဲ့ ချန်းကောရှင်း တို့ရဲ့သေဆုံးမှု့။

ထိုသေဆုံးမှု့ကြောင့် ရှန်မီယောင်းအမေဟာ ရှန်မီယောင်းရှေ့မှာငိုကြီးချက်မနဲ့လာရောက်ငိုကြွေးသော်လည်း ရှန်မီယောင်းသည် မျက်နှာတစ်ချက်မပျက်စေပဲ ငွေလက်မှတ်တစ်ချို့ကိုသူမအတွက်ပေးကာ နောက်နောင်ထပ်ပြီးလာမပက်သတ်စေရန်ပြော​ပြီးကိစ္စရှင်းခဲ့သည် ။ထိုနှစ်ရက်မှာ ချန်းဝိန်ယွင် ရဲ့သေဆုံးမှု့ကြောင့် ရှန်မီယောင်းစိတ်ထိခိုက်နေမယ်အထင်နှင့် ရှန်းကူလေးသည် ရှန်မီယောင်းအနားမှာပို၍နေပြီး အထီးမကျန်အောင်အဖော်နေပေးပြီး သူရှိကြောင်းနဲ့ သူချစ်ကြောင်းတဖွဖွပြောနေခဲ့သည်။ ရှန်းကူလေးရဲ့ကလေးဆန်လှတဲ့အတွေးလေးနဲ့ အပြုမှုလေးကြောင့် ဘာကိုရည်ညွှန်းနေလဲဆိုတာသိတဲ့ရှန်မီယောင်းဟာ ရှန်းကူနှင့်အတူထိုင်ရင်တောင် ရှန်းကူလေးရဲ့ပေါင်ပေါ်ခေါင်းဦးအိပ်ကာ သူတို့ရဲ့ဆက်ဆံ​ရေးပိုခိုင်မြဲစေပြီးပျော်ရွင်တဲ့အရာတွေနဲ့သာ တစ်ယောက်ကိုတစ်ယောက်မျှဝေခဲ့သည် ။

ဒီနေ့သည် ရှန်မီယောင်းဟာ သူ့အဖိုးရှိရာဆီကို ရှန်းကူနဲ့အတူထွက်လာခဲ့သည် ။ လမ်းတစ်လျှောက်မှာ ရှန်းကူလေးဟာ ရှန်မီယောင်းအဖိုးနဲ့အဖွားဆီမှာ ကောင်းမွန်တဲ့အမြင်မရမှာစိုးရိမ်နေတာကြောင့် လက်ဖျားလေးတွေအေးစက်ကာစိုးရိမ်စိတ်ဝင်နေတော့သည် ။ ရှန်မီယောင်းသည် ရှန်းကူလေးကိုဘယ်လိုပင်ဖြောင့်ဖျပေးနေပေမယ့် ရှန်းကူလေးရဲ့စိုးရိမ်စိတ်ကတော့ရှိမြဲပဲ ။

သက်တော်စောင့်ကားငါးစီးနဲ့အတူ ရှန်မီယောင်းအဖိုးနဲ့အဖွားရှိရာအိမ်တော်သို့ရောက်ရှိလာတော့သည် ။

" Baby ကိုကိုတို့ရောက်ပြီ "

" ဟင်..ရောက်ပြီလား "

 BABY IS MY LIFE Where stories live. Discover now