ဘေဘီကိုဆုံးရှုံးလိုက်ရပြီ

69.1K 4.9K 219
                                    

အပိုင်း ၂၂ ။ ဘေဘီကိုဆုံးရှုံးလိုက်ရပြီ!

                          ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

အပိုင်း ၂၂

ရက်တစ်ချို့ကျော်လွန်ပြီးတဲ့နောက်မှာ ရှန်းကူလေးကိုသူ့အိမ်သို့ပြန်ပို့ပေးလိုက်သည်။ ဒီနေ့မှာ ရှန်မီယောင်းကျောင်းသွားဖို့ကို တခြားရက်တွေထက်ပို၍တတ်ကြွလို့နေသည်။ အကြောင့်ကတော့ သူ့ပြိုင်ဘက်တောင်မဟုတ်တဲ့ တသ်စုံတစ်ယောက်နဲ့ ရှန်းရန်အကြွေးကိစ္စလေးတစ်ခုရှိနေခဲ့တယ်လေ ။ ရှန်မီယောင်းလိုလူမျိုးက ပေးစရာရှိတာကိုမမေ့သလို ယူစရာရှိတာကိုလဲမမေ့ဘူး ။

ကျောင်းရောက်လို့ အတန်းထဲဝင်လိုက်တာနှင့် တခြားအတန်းဖော်တွေနဲ့စကားပြောနေတဲ့ တာကဲရူကိုတွေ့လိုက်တာကြောင့် ရှန်မီယောင်းရဲ့ဗလာသက်သက်မျက်နှာနဲ့ပင် တာကဲရူအနားသို့လျှောက်သွားလိုက်ပြီး သူ့စာရေးစားပွဲခုံကိုဆောင့်ကန်ပြသ်လိုက်သည်။ ထိုင်ခုံလဲကျသွားတဲ့အသံနဲ့အတူ အတန်းထဲမှာရှိတဲ့ကျောင်းသွားတွေရဲ့အာရုံက မြန်မြန်ဆန်ဆန်ပဲရှန်မီယောင်းဆီရောက်လာသည်။ တာကဲရူ သည်လည်း အတန်းထဲရဲ့လူအုပ်ကြားထဲမှာထိုသို့ အရှက်ခွဲခံလိုက်ရတာကြောင့် ဒေါသအလျှောက် ချက်လျင်းထရပ်ကာ ရှန်မီယောင်းနဲ့မျက်နှာချင်းဆိုင်လိုက်သည်။

" မင်းဘာသောက်လုပ်လုပ်လိုက်တာလဲ?! "

တာကဲရူက ရှန်မီယောက်းသူ့ကိုဒီလိုလာလုပ်ရတဲ့အကြောင်းအရင်းကိုသိသည်။ သူလွတ်လိုက်တဲ့လူတွေဆီက ရတဲ့သတင်းတွေနဲ့ လက်ရှိရှန်မီယောင်းလက်ထဲမှာအဖမ်းခံလိုက်ရတဲ့သူတို့လူတွေရဲ့အလောင်းကိုတွေ့လိုက်ရတဲ့အချိန်မှာ သူတို့လူတွေသာမပြောခဲ့ရင် ဒါဟာ သူ့ထက်ငယ်တဲ့ ရှန်မီယောင်းသတ်ခဲ့တယ်လို့ထင်မိမှာမဟုတ်ပေ။
ဒါ့ကြောင့် ဒီနေ့မှာ ရှန်မီယောင်းသူ့အားလာရှာမှာကိုလည်းသိနေခဲ့သည်။

" အဟက် မင်းငါ့ကိုကြောက်နေတာလား? "

ပုံမှန်အတိုင်းပင်သရော်စွာနဲ့မေးလိုက်တဲ့ မေးခွန်းမှာ တာကဲရူ တင်မဟုတ်ဘူး အတန်းထဲမှာရှိတဲ့လူအားလုံးကြားရဖို့အထိလုံလောက်တဲ့အခါ.. အတန်းထဲရှိ ကျောင်းသားတွေအကုန် ပါးစပ်ပင်မစိနိုင်အောင် အံသြမှု့တွေအတိုင်းသားပင် ။ ဘာကြောင့်ဆို သူတို့ဟာ ရှန်မီယောင်းအတန်းကျော်လာတဲ့နောက်ပိုင်းမှာ သူတို့အခန်းရဲ့Boss နဲ့စကားပြောတာမတွေ့ဖူးသလို ကတောက်ကစဖြစ်တာမျိုးလဲမတွေ့ခဲ့ဖူးချေ ။ တစ်ခုတော့ရှိတယ် တာကဲရူ နဲ့ ပေါင်းတဲ့ကျောင်းလူမိုက်သုံးယောက်ကလွဲလို့ပေါ့။

 BABY IS MY LIFE Dove le storie prendono vita. Scoprilo ora