လီဒါရိုက်တာ မင်းရှာနေတဲ့ကောင်လေးက ငါ့ဘေဘီမဟုတ်ဘူး

43.5K 4.1K 200
                                    

အပိုင်း ၄၁ ။ လီဒါရိုက်တာ မင်းရှာနေတဲ့ကောင်လေးကငါ့ဘေဘီမဟုတ်ဘူး

                       ( Unicode )

*Baby ကိုယ့်ကိုထားခဲ့ရဲ ထားခဲ့ကြည့်!ကိုယ် Baby ကို သတ်ပြစ်ပြီး ရေခဲအခေါင်းလှလှလေးထဲ ထည့်သိမ်းထားပြစ်လိုက်မှာ*

* ကိုကို က ကျွန်တော့်ကိုပိတ်လှောင်ထားပြီး ထိန်းချုပ်ချင်နေတာမလား *

* မဟုတ်ဘူး ! ကိုယ် ကိုယ် Baby ကို သိပ်ချစ်လို့ အရမ်းချစ်လို့ .. Baby ကို ကိုယ့်အနားမှာပဲနေစေချင်လို့ပါကွာ *

* ကျွန်တော်မနေဘူး။ ကျွန်တော် ကိုကိုနဲ့အဝေးဆုံးကိုထွက်သွားမှာ ကိုကိုအနားကိုဘယ်တော့မှပြန်မလာတော့ဘူး !!*

* မ ရ ဘူး ! Baby ကို ထွက်သွားခွင့်မပြုဘူး! ကိုယ့်အနားကထွက်သွားရဲရင် ကိုယ် Baby ကို သတ်ရဲတယ် *

* ခင်ဗျားသိပ်အတ္တကြီးတယ်။ကျွန်တော် ခင်ဗျားကိုမုန်းတယ် *

* ........ *

တောက်ပတဲ့မျက်လုံးလေးနဲ့မလိုက်ဖက်စွာ ရှန်မီယောင်းအား နာကျဥ်းတဲ့အကြည့်တွေနဲ့ ကြည့်ကာ တခြားတစ်စုံတစ်ယောက်လက်မောင်းကိုဖက်ကာ လှောင်ပြုံးနဲ့အတူထွက်သွားတဲ့ ကလေးငယ် ကို အော်ဟစ်ကာတားစီးရင်းပြေးလိုက်ပေးမယ့်သိပ်နောက်ကျသွားခဲ့ပြီ ။

* အားးး ဘာလို့လဲ ..!! ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ။ ဘာကြောင့် ငါ့ကိုမှလဲ!! *

ရှန်မီယောင်းဟာ သူ့ရင်ထဲကတင်းကျပ်တဲ့ပေါက်ကွဲမှု့နဲ့အတူအပြင်ဘက်ဆီကိုထုတ်အော်ဟစ်နေတော့သည် ။

" အားး! Baby !!! "

အိပ်ရာကဇတ်ခနဲထထိုင်ပြီး တစ်ကိုယ်လုံးချွေးတွေရွှဲစိုနေတဲ့ ရှန်မီယောင်းဟာ နိုးလာတဲ့အချိန်မှသာ ဒါဟာအိမ်မက်ဖြစ်နေမှန်းသိလိုက်သည် ။

" အင်း .. ကိုကို ဘာဖြစ်လို့လဲ "

ရှန်မီယောင်းအော်သံကြောင့် နိုးလာတဲ့ကလေးငယ်ဟာ လက်ခုံလေးနဲ့မျက်လုံးကိုပွတ်နေပြီး ရှန်မီယောင်းကိုမေးလိုက်သည်။ရှန်မီယောင်းဟာ ကလေးငယ်ရဲ့အိပ်ချင်မူးတူးအသံကြောင့် မနေ့ညကအဖြစ်ပျက်တွေကို ပြန်သတိဝင်လာခဲ့သည်။ရှန်မီယောင်းသည် ကလေးငယ်သူ့အနားရှိနေတာတွေ့တာနဲ့ လွတ်ထားသွားမည့်အလား တင်းတင်းကျပ်ကျပ်ဖက်ကာ နှုတ်ခမ်းတွေက ကလေးငယ်ရဲ့လည်တိုင်လေးအနှံ့အတင်းပင် ကြမ်းတမ်းစွာ နမ်းရှိုက်နေတော့သည် ။

 BABY IS MY LIFE Where stories live. Discover now