ဘေဘီမရှိတော့တဲ့တစ်နေ့

33.4K 2.6K 386
                                    

အပိုင်း ၆၃ ။ ဘေဘီမရှိတော့တဲ့တစ်နေ့

                         ( Unicode )

ကိုယ်ဝန်ဆောင်ချိန် ၅ လကနေ ၆ လထဲဝင်တဲ့ အချိန်ကာလာတစ်ခုထိအရာအားလုံးအဆင်ပြေနေသေးတဲ့ ရှန်းကူလေးကြောင့် ရှန်မီယောင်းစိုးရိမ်စိတ်တွေလျှော့ပါးလာသလို တဖက်က ရီဟေးချုံး ရဲ့ အဆင်ပြေပါတယ် ဆိုတဲ့စကားကြောင့်ပို၍စိတ်အဆင်ပြေစေသည်။ ဒါ့ကြောင့် သူ့ရဲ့နေ့ရက်တွေကိုပိုပြီးပျော်ရွင်နေမိသည်။ ရှန်မီယောင်းသည် သူ့ရင်သွေးလေးအပေါ်လက်မလွတ်ရတော့ဘူးဆိုတဲ့မျှော်လင့်ချက်နဲ့အတူ နေ့စဥ်တိုင်းမှာ မျက်နှာထပ်အပြုံးတို့ဝေဆာနေခဲ့သည်။

ရှန်မီယောင်းရဲ့မနက်ခင်းတိုင်းကအိမ်မက်ဆန်ဆန်ပျော်ရွင်မှု့တွေနဲ့ဖြတ်သန်းနေရတယ်လို့ပြောရင် ယုံနိုင်ပါမလား။ အိပ်ရာကနိုးတာနှင့် ရှန်မီယောင်းနံဘေးမှာ အိပ်ပျော်နေတဲ့ ရှန်းကူလေးမျက်နှာမြင်လိုက်ရတဲ့အချိန်မှာပျော်ရွင်မှု့ဟာနှလုံးသားထဲထိတိုးဝင်လာခဲ့သည်။ ဗိုက်ပူပူလေးကြောင့် အရင်လို ပက်လက်လှန်ပြီးသက်တောင့်သက်သာအ​​ကြာမအိပ်နိုင်တော့တဲ့ရှန်းကူလေးဟာ ဘေးတစ်စောင်းလေးနဲ့နောက်ကျောမှာခေါင်းဦးလေးခုထားပြီးအိပ်ပျော်လို့နေသည်။ကြွေရုပ်လေးလိုထိကိုင်ရက်စရာမရှိလောက်အောင်လှပလွန်းတဲ့ရှန်းကူလေးကိုကြည့်ပြီး ရှန်မီယောင်းချစ်စိတ်ပိုရပြန်၏ ။

ညအိပ်ဝတ်စုံဝတ်ထားတာကြောင့်အနည်းငယ်အပေါ်တွန့်တတ်နေတဲ့အကျီလေးအောက်မှာပေါ်နေတဲ့ ချက် ဆူဆူလေးနဲ့ဗိုက်လုံးလုံးလေးကမြင်ကွင်းထဲရောက်လာတဲ့အချိန်မှာ ထိုအကျီလေးကို အသာ မ ​ဖယ်ပြီး ရင်သွေးလေးအား မြတ်နိုးစွာနမ်းမိပါသည်။

" မဂ်လာနံနက်ခင်းလေးပါ Daddyချစ်ရတဲ့ကလေးလေးရေ..ဒီနေ့လဲ ပါးပါးကိုခက်ခဲအောင်မလုပ်ရဘူးနော်၊ Daddyကလေးလေးက လိမ်မာတယ် "

ထိုသို့ပြောပြီး ရှန်းကူဗိုက်လေးကိုပွတ်ပေးကာဗိုက်နားကပ်ပြီး ပြုံးပျော်ကာ နားထောင်နေသေးသည်။မသိတဲ့လူသာဆို ဗိုက်ထဲက ကလေးကစကားပြောမယ်ထင်နေလိမ့်မည်။ ထိုစဥ် လက်တစ်စုံက ရှန်မီယောင်းခေါင်းဆံပင်ကိုဖွဖွကိုင်လာတာကြောင့် မော့ကြည့်လိုက်တော့ ချစ်ရတဲ့ဘေဘီလေးက အိပ်ရာနိုးလို့ပြုံးနေချေပြီ။

 BABY IS MY LIFE Donde viven las historias. Descúbrelo ahora