Description

330K 7.4K 137
                                    

Unicode ။

ကြီးကျယ်ခန်းနားပြီး သြဇာအာဏာရှိတဲ့အိမ်တော်ရဲ့ သခင်လေးတစ်ယောက်ဟာ ငယ်ရွယ်စဥ်အချိန်ကတည်းက ပျော်ရွင်နွေးထွေးမှု့နဲ့ ချစ်ခြင်းမေတ္တာကိုမခံစားခဲ့ရဘူး။ ဖောက်လွဲဖောက်ပြန်မိဘတွေကြားမှာ နုနယ်တဲ့သူ့စိတ်ကလေးက ကြမ်းတမ်းလာပြီး ကလေးနဲ့မလိုက်ဖက်အောင်အေးစက်တတ်လာတယ်။ ထိုကောင်လေးက အချစ်မခံခဲ့ရဘူး..အဲ့တာကြောင့် သူကိုယ်တိုင်လည်း တခြားတစ်ယောက်ကိုချစ်ခင်ပေးရမယ်ဆိုတာနားမလည်ဘူး...သူ့မှာရှိတာတွေက အေးစက်မှု့နဲ့အထီးကျန်ခြင်းတွေပဲလေ....

အဲ့ချိန်မှာ မထင်မှတ်ပဲ သူ့ဘဝထဲကိုအတင်းတိုးဝင်လာတဲ့ အရာလေးတစ်ခုကိုတွေ့ရှိခဲ့တယ်။

ကျစ်! စိတ်ရှုတ်စရာကောင်းလိုက်တာ ။

ရှန်မီယောင်း : မင်းငါ့နောက်ကိုဆက်လိုက်ရင် ငါမင်းကိုထိခိုက်အောင်လုပ်ပြစ်မှာနော်!

ရှန်းကူ : ရှန်းရှန်းက ကိုကို့ ကိုကြောက်ဘူး..ကြောက်ဘူး..(လျှာထုတ်ပြောင်ပြနေခြင်း )

ဘယ်လောက်ပဲတွန်းထုတ်နေပါစေ တောက်တတ်လိုတွယ်ကပ်နေတဲ့ အဲ့အမြင်ကပ်စရာကောင်းတဲ့ဒီသေးသေးလေးက တစ်ချိန်မှာ ရှန်မီယောင်းဘဝဖြစ်လာလိမ့်မယ်လို့ ဘယ်သူကြိုသိမှာလဲ?

များမကြာခင်အချိန်တွင်.....?

ရှန်မီယောင်း : ကိုကိုကဘေဘီ့ကိုတစ်သက်လုံးစာအတွက်စောင့်ရှောက်ပေးမယ်..အပြန်လှန်အနေနဲ့ ဘေဘီက ကိုကို့အနားမှာပဲရှိနေရမယ်။

ရှန်းကူ : အွန်း ရှန်းရှန်းက ကိုကိုနဲ့တူတူနေပေးမယ်နော် ခစ်ခစ်.. ။

အဲ့နောက်ပိုင်းမှာ ရှန်မီယောင်းရဲ့ဘဝကြီးက ဒီကလေးလေးအတွက်ဖြစ်တည်လာခဲ့တယ်။ဘဝ .. ဟုတ်တယ် .. သူလေးကရှန်မီယောင်း ဘဝကြီးတစ်ခုလုံးပဲ ။

​မထင်မှတ်ထားတဲ့ကံ​ကြမ္မာမုန်တိုင်းဝင်တဲ့တစ်​နေ့မှာ​​တော့ ရှန်မီယောင်းဘဝပြိုလဲခဲ့ရပြန်တယ်။

ဘုရားသခင်ကမတရားဘူး! ကျုပ်ဆီကအရာအားလုံးယူထားပြီးတာတောင် ဘာလို့ သူ့ကိုပါဆွဲထုတ်သွားရတာလဲ ! ဘာကြောင့်လဲ !!

 BABY IS MY LIFE Where stories live. Discover now