Daddy လို့ ခေါ်..ဘေဘီ🔞

94.7K 5.2K 456
                                    

အပိုင်း ၂၇ ။ Daddy လို့ခေါ်..ဘေဘီ

( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင် မဖတ်စေလိုပါ 🙅🔞
______________________________________

ကျန်းရှင်းယွင့် သည် ဒီနေ့မနက် ရှန်မီယောင်း Company မှာ အစည်းအဝေးသွားတတ်ရမှာမို့ စိတ်လှုပ်ရှားစွာ သူ့ကိုယ်သူအကောင်းဆုံးပြင်ဆင်ပြီး အလှဆုံးပြုလုပ်နေသည် ။ DB Company ဆိုတာ တော်ရုံတန်ရုံပေါ့သေးသေး Company မှ မဟုတ်တာ။ ကျန်းရှင်းယွင့် သည် ရှန်မီယောင်း ဘယ်လိုလူမျိုးလဲဆိုတာ သိသလို ရှန်မီယောင်း ရဲ့ နောက်ခံနဲ့ ပိုင်ဆိုင်မှု့တွေသည်လဲ ဘယ်လိုအရာတွေပါလာမည်ဆိုတာကို အနည်းငယ်စုံစမ်းထားတာမို့ ရှန်မီယောင်း လိုလူကလွဲပြီး သူ့အတွက်သင့်တော်တဲ့ ယောက်ကျား ကမ္ဘာပေါ်မှာ မရှိတော့ဘူးလို့ထင်မှတ်ထားသည် ။

ကျန်းရှင်းယွင့်က လက်ရှိမှာ ရှန်မီယောင်း Company Project တစ်ချို့နဲ့လက်တွဲလုပ်ကိုင်နေပြီဖြစ်သည်။ နောက်ပြီး သူမ Company ရဲ့အားသာချက်က နိုင်ငံခြား Company စက်ရုံကြီး တွေနဲ့ ချိတ်ထားနိုင်တာပင် ။ ကျန်းရှင်းယွင့် မှာ အဆက်သွယ်ကောင်းတွေရှိတယ်။ ထိုအဆက်အသွယ်ကောင်းတွေကိုအသုံးချပြီး ရှန်မီယောင်း Company နဲ့ ရေရှည်လက်တွဲဖို့အတွက်လည်း ပလန်ချထားသည်။ ဒါမှ သူမရည်မှန်းချက်ဖြစ်တဲ့ ရှန်မီယောင်းနဲ့နီးကပ်စွာနေနိုင်မှာမဟုတ်လား။

ရှန်မီယောက်လိုလူကိုသာရခဲ့ရင် ရှန်ကတော်ဖြစ်ရုံတင်မကဘူး..Silver Reaper ဂိုဏ်းရဲ့သခင်မနေရာအပြင် ရှန်မီယောင်းအဖိုးဘက်က တော်ဝင်မျိုးရိုးအနက်ရောင်အစောင့်အရှောက်အဖွဲ့ရဲ့သခင်မလည်းဖြစ်လာမည်မဟုတ်လား ။ ရှန်မီယောင်းတို့မျိုးရိုးဟာ အပြင်မှာ မိန်းမဘယ်နှစ်ယောက်ပဲရှုတ်ထွေးနေပါစေ ။ အချိန်တန်ရင် သူလက်ထက်မယ့် မိန်းမတစ်ယောက်သာ အားလုံးရဲ့သခင်မဖြစ်နိုင်သည် ။

ကျန်းရှင်းယွင့် က ရည်မှန်းချက်ကြီးတဲ့မိန်းကလေးတစ်ယောက် ဒါကြောင့်လဲ သူမဒီလောက်ထိကြိုးစားနေတာဖြစ်သည်။ ကျန်းရှင်းယွင့် DB company ရှေ့ရောက်သည်နှင့် ထည်ဝါကော့ကျော့စွာ Company ထဲလျှောက်လှမ်းလာသည် ။

 BABY IS MY LIFE Where stories live. Discover now