ဗိုက်ဆူဆူလေးချစ်ဖို့ကောင်းတဲ့ဘေဘီ

34K 2.4K 156
                                    

အပိုင်း ၆၂ ။ ဗိုက်ဆူဆူလေးနဲ့ချစ်ဖို့ကောင်းတဲ့ကိုယ့်ဘေဘီလေး။

( Unicode )

ထိုသို့နှင့် ရှန်းကူလေး ကိုယ်ဝန် ၅ လမှာ ရှန်မီယောင်းတို့နှစ်ယောက်ဟာ သူ့အဖိုးရှိရာအိမ်တော်မှ ဂျပန်မှာရှိတဲ့ သူတို့နှစ်ယောက်ရဲ့စံအိမ်ဆီပြန်လာခဲ့ကြသည်။

ရှန်းကူလေးရဲ့ကိုယ်ဝန်ဆောင်လနုသေးတဲ့ ဒီအချိန်ကာလအတွင်းဟာ ရှန်မီယောင်းအတွက်တော့ ရေပူပေါင်းပေါ်တင်ထားခံရတဲ့ဆူးတစ်ချောင်းလိုပင်.. ဘယ်အချိန်များ ကိုယ်ဝန်ကြောင့် သူ့ကလေးငယ်လေးထိခိုက်သွားမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့အတူရှင်သန်နေခဲ့ရသည်။ နဂိုထက် ပိုပြီး ဗိုက်ဆူဆူလေးဖြစ်လာတဲ့ ရှန်းကူလေးဟာ ကိုယ်ဝန်ဆောင်အပြောင်းအလဲကာလကြောင့် စိတ်အခြေအနေပုံမှန်တိုင်းမရှိပဲ အမြဲလိုပြောင်းလဲနေတတ်ပြီး ရှန်မီယောင်းအပေါ်လဲ ပို၍ ဂျီကျတတ်လာသည်။

မလိမ်ပဲသာ အမှန်အတိုင်းပြောရကြေးဆို ရှန်မီယောင်းဘဝမှာ က​လေးငယ်နဲ့ဒီလိုနေ့ရက်လေးတိုင်းက အဖိုးမဖြတ်နိုင်တဲ့ အချိန်စက္ကန့်တွေပါပဲ ။ သူ့ချစ်ရတဲ့ကလေးငယ်၊ သူ့သွေးသားဖြစ်တဲ့ရင်သွေးလေး ဒီအရာတွေကို သူ့သက်ဆုံးတိုင်ကာကွယ်ပေးချင်မိတယ်။ ဒါပေမယ့်..ရင်သွေးလေးအတွက်က....၊

" ကိုကိုရေ...ကိုကို..."

"ကိုကိုရှိတယ် ဘေဘီ..လာပြီ လာပြီ "

ရှန်မီယောင်းတစ်ယောက် ထိုသို့ပြောပြီး တဖက်မှာ ကျိုးဝေနဲ့စကားလက်စကိုဖြတ်ရပါ၏၊

" အဲ့တာဆို သူတို့ဘက်ကအပြင်အဆင်တွေကိုမင်းဂရုစိုက်လိုက်ဦး၊ ဇီဟွန်နဲ့အရိပ်သက်တော်စောင့်​တွေကို ပွဲလုံခြုံရေးအတွက် လစ်ဟာမှု့မရှိအောင်သေချာစီစစ်ထားခိုင်းလိုက် "

" ဟုတ်ကဲ့ပါသခင်ကြီး "

" ပွဲတစ်ခုလုံးကိုစီစဥ်ရမှာနဲ့ဦးဆောင်ရမှာတွေကို မင်းနဲ့ဇီဟွန်တို့အကောက်းဆုံးလုပ်ပါ။ ကြာဦးမယ်ဆိုပေမယ့် ပြင်ဆင်ထားတာမမှားဘူး "

" ဟုတ်ကဲ့ နားလည်ပါပြီ "

" ကျန်တာနောက်မှဆက်ပြောမယ် "

 BABY IS MY LIFE Where stories live. Discover now