သူစိမ်းရှေ့မှာခေါင်းငုံ့ခံနေတာမျိုး'ကိုကိုမကြိုက်ဘူး'

39.8K 3.7K 372
                                    

အပိုင်း ၅၀ ။ သူစိမ်းရှေ့မှာခေါင်းငုံ့ခံနေတာမျိုးကိုကိုမကြိုက်ဘူး!

                        ( Unicode )

( ဒီအပိုင်းတွေမှာ ရှန်မီယောင်းအမေနာမည်အရှည်ကိုမသုံးတော့ပဲ Shu လို့ပဲ သုံးသွားပါမယ် )
_________________________________________

အပေါ်ထပ်ကနေ ပန်းချီဆေးပုံးတွေကိုင်ကာဆင်းလာတဲ့ ရှန်းကူ ရှိရာအိမ်တော်ထိန်းနဲ့အလုပ်သမားတစ်ချို့အမြန်ပြေးသွားလိုက်သည်။

" သခင်လေးရယ်ဆေးပုံးတွေကကြီးတာကို ဦးလေးကိုပြောပေါ့ ချော်လဲနေမှဖြင့် "

" ရပါတယ်ဦးလေး ဒီလောက်ကတော့ သား သယ်နိုင်ပါတယ် "

အိမ်တော်ထိန်းကရှန်းကူလက်ထဲကဆေးပုံးကိုယူကာအလုပ်သမားတွေဆီလွှဲပြောင်းပေးလိုက်သည် ။

" ဒီဆေးပုံးတွေကိုဘယ်မှာထားပေးရမလဲ သခင်လေး "

" ခြံထဲက ဘန်ဂလိုထောင့်နားမှာသွားထားပေးပါ"

" ဟုတ်ကဲ့ "

ထိုသို့ပြောကာအလုပ်သမားတွေက ဆေးပုံးသုံးခုကိုယူပြီးထွက်သွားလိုက်သည် ။ချန်းဝိန်ယွင် ဟာ ဒီအခြေနေကိုကြည့်ပြီး ရှန်းကူလေးဟာ ဒီအိမ်ရဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းကြည့်လိုက်သည် ။

* သူကဘယ်သူလဲ ဘာလို့သူ့ကိုသခင်လေးလို့တောင်ခေါ်နေတာလဲ *

Shu သည် ရှန်းကူလေးကိုမမြင်တွေ့ဖူးတာမို့ သေချာကြည့်နေတော့သည်။ ဘယ်သူမှတောင်တတ်ခွင့်မရှိတဲ့အပေါ်ထပ်ဆီကနေဆင်းလာတဲ့ ဒီကောင်လေးဟာ ရှန်မီယောင်းနဲ့ဘယ်လိုပက်သတ်လဲဆိုပြီးတွေးနေသည်။

" အိမ်တော်ထိန်း..သူကဘယ်သူလဲ ကျွန်မတို့နဲ့မိတ်ဆက်ပေးရမှာကိုမေ့နေပုံပဲ "

ထိုအခါမှ ရှန်းကူလေးဟာ ရှန်မီယောင်းအမေ နဲ့သူ့ညီမ ဆိုသူကိုနှုတ်မဆက်ရသေးတာကိုသတိရပြီးအားနာစွာ သူ့တို့ဆီလျှောက်သွားကာနှုတ်ဆက်လိုက်သည် ။

" တွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်နာမည် ရှောင်ရှန်းကူ ပါဗျ "

အပြုံးလေးနဲ့ယဥ်ကျေးစွာနှုတ်ဆက်လိုက်ပေမယ့် သူမတို့ဟာ စူးစမ်းတဲ့အကြည့်တွေနဲ့ကြည့်နေပြီး အတော်နှင့်ပြန်မနှုတ်ဆက်ပေ ။ ပြီးမှ ပြန်နှုတ်ဆက်လာကြသည် ။

 BABY IS MY LIFE Where stories live. Discover now