ရှင်းနဲ့Joeငယ်စဥ်ကအမှတ်တရတစ်ချို့ 🔞

40.9K 3.9K 260
                                    

အပိုင်း ၅၃ ။ ရှင်းနဲ့Joe ငယ်စဥ်အတိတ်ဆီကအမှတ်တရာတစ်ချို့ 🔞

                         ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅🔞
__________________________________________

ကိစ္စတစ်ချို့ဖြစ်ပျက်ပြီးတဲ့နောက်မှာ Joe ကိုအားလုံးရှင်းပြခဲ့တာကြောင့်နားလည်သဘောပေါက်သွားခဲ့တယ် ။ ငယ်စဥ်ကဖြစ်ခဲ့တဲ့ကိစ္စတွေမို့ ခက်ခဲတဲ့လမ်းကြောင်းပေါ်မှာတစ်ယောက်တည်းရပ်တည်ခဲ့ရတဲ့ Joe က သူ့အတိတ်ဆီက လီဟန်ရှင်းကိုမေ့သွားခဲ့တာကို အပြစ်တင်လို့မရဘူးပေါ့ ။ ဒီအကြောင်းတွေပြောပြပြီးတဲ့နောက်မှာ Joe ဟာ လီဟန်ရှင်းအပေါ်ငြင်းပယ်ပြီးလက်မခံတာမျိုးမရှိဘူး ။ သို့သော် လက်လည်းမခံခဲ့ဘူး။ ဒါပေမယ့် Joe ပုံစံက လီဟန်ရှင်းအပေါ်အေးစက်သွားတာလဲမဟုတ်ပြန်ဘူး ။

လီဟန်ရှင်း ဟာ ငယ်စဥ်က ကလေးအပေါ်မှာထားရှိခဲ့ဖူးတဲ့ဂတိစကားတစ်ခွန်းကြောင့် သူလိင်စိတ်တိမ်းညွှတ်မှု့လိုက်စားခဲ့ပေမယ့် သူ့နှလုံးသားကိုတော့အမြဲတမ်းသော့ခတ်သိမ်းထားခဲ့တယ်။ အမြဲတမ်းအတွက်ပေါ့ ။

အတိတ်ဆီက ဂတိစကား။

" ကိုကြီး... ကိုကြီးကဒီမှာဘာထိုင်လုပ်နေတာလဲ ဟင် "

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ထူးခြားတဲ့ဆံပင်အရောင်လေးနဲ့အရမ်းချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက် ။ လီဟန်ရှင်းပုံစံကကြမ်းတမ်းတဲ့ပုံစံမျိုးပေါက်နေလို့ဘယ်သူမှအနားမကပ်ရဲသလို လူကြီးတချို့ကနှာခေါင်းရှုံ့ခြင်းခံနေရတဲ့အချိန် ဒီကလေးငယ်ဟာ ထူးထူးဆန်းဆန်း လီဟန်ရှင်းဆီရောက်လာခဲ့တယ် ။

" ....... "

" ကိုကြီး.. ကိုကြီးစကားပြောလေ "

" ဟေ့ ကလေး သွားဝေးဝေးသွားဆော့စမ်း!"

ဒီကစားကွင်းနဲ့ဆက်ထားတဲ့ပန်းခြံလေးရဲ့ဂျောင်ကျတဲ့နေရာလေးမှာလာထိုင်တိုင်း လီဟန်ရှင်းအနားရောက်လာတဲ့ကလေးတွေကို ထိုသို့မာန်မဲလွတ်ပြီးမောင်းထုတ်လိုက်တိုင်းကလေးတွေက ငိုယိုပြီပြေးထွက်သွားကြပေမယ့် ထိုကလေးငယ်ကတော့ လီဟန်ရှင်းကိုမကြောက်တဲ့အပြင် ဆောင့်ကြောင့်ထိုင်ရာကနေ တင်ပလွေချိတ်ထိုင်ချလိုက်ပြီး မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းဆူ၍လက်ကိုပိုက်ရင်း ဟွန့် ခနဲ့ လုပ်သွားသေးသည် ။

 BABY IS MY LIFE Donde viven las historias. Descúbrelo ahora