ဆရာဝန်နဲ့တောင် အူတိုတယ်

48.1K 3.9K 343
                                    

အပိုင်း ၃၅ ။ ဆရာဝန်နဲ့တောင် အူတိုတယ်

                          ( Unicode )

ရှန်မီယောင်း မေ့လဲသွားသည်နှင့် ရန်ကျိုးဝေ အပါအဝင် အားလုံးက အပြေးအလွှားရောက်လာပြီး ရှန်မီယောင်း ကို ဆေးရုံတင်ပို့ရန်လုပ်တော့သည် ။

ရှန်းကူလေးမှာ ရှန်မီယောင်းရဲ့ခေါင်းကသွေးတွေကိုကြည့်ပြီး ခြေတုန်လက်တုန်နဲ့ပင် လူနာတင်ယာဉ်ပေါ်ပါလာရသည်။ ကျန်နေခဲ့သူ ကျန်းရှင်းယွင့်သည် ဖြစ်စေချင်တာက ရှန်းကူ ကို ဖြစ်သွားတာက ရှန်မီယောင်း မို့ ဒီလောက်ထိခိုက်မှု့ကြီးဟာ အခန့်မသင့်ရင် သေသွားနိုင်တာကြောင့် သွေးလန့်ကြောက်ရွံ့ကာမျက်တောင်ခတ်ရန်မေ့​နေတဲ့အထိ ကြောက်ရွံ့တုန်လှုပ်နေသည် ။

ကျန်းရှင်းယွင့်ဟာတခြားလူတွေထက် ရှန်မီယောင်း အကြောင်းကိုသိသည်။ရှန်မီယောင်းဟာ သွားမစသင့်တဲ့လူတစ်ယောက် ပြောရရင် ဒီလိုထိခိုက်မှု့ကြီးဟာ သူခိုင်းစေတာမှန်းသိသွားခဲ့ရင် ။

* မဖြစ်ဘူး။မဖြစ်ဘူး။ဒီကိစ္စကို ငါခိုင်းတာသိသွားလို့ လုံးဝမဖြစ်ဘူး *

ကျန်းရှင်းယွင့်တစ်ယောက် ကယောင်ခြောက်ခြားနဲ့ ကြောက်ရွံ့နေတော့သည် ။

_____________________________________

ဆေးရုံ ။ ရန်ကျိုးဝေ တို့ ဆေးရုံကြီးရောက်သည်နှင့် ရှန်မီယောင်း သွေးထွက်လွန်သွားတာကြောင့် အရေးပေါ်အခန်းကိုတစ်ခါတည်းဝင်သွားရသည် ။

ရှန်းကူမှာတော့ တစ်လမ်းလုံးငိုလာတာ အခုဆေးရုံရောက်တဲ့အထိ 'သူ့ကြောင့်ဖြစ်တယ်'ဆိုတဲ့အတွေးနဲ့ ငိုနေတုန်းပင် ။ ရန်ကျိုးဝေ သည်လဲ ရှန်းကူ ကို အငိုတိတ်စေရန်ချော့မော့နေသော်လည်းမရ ။ ရှန်းကူတစ်ကိုယ်လုံးမှာလဲ ရှန်မီယောင်းခေါင်းကသွေးတွေပေကုန်တာကြောင့်သူ့လက်ကသွေးတွေကိုကြည့်ကာ ဘယ်လိုမှအငိုမရပ် ။

အရေးပေါ်အခန်းရှေ့မှာ ရန်ကျိုးဝေ နဲ့ ရှန်းကူလေး တို့နှစ်ယောက်ထိုင်ကာ အထဲကသတင်းကိုစောင့်နေသည် ။

ထိုစဉ် ရီဟေးချူံး အရေးပေါ်အခန်းရှေ့ကိုအပြေးအလွှားရောက်လာသည် ။

 BABY IS MY LIFE Where stories live. Discover now