အတိတ်နေ့ရက်ဆီသို့ ၃

49.4K 4.8K 343
                                    

အပိုင်း ၂၀ ။ အတိတ်နေ့ရက်ဆီသို့ ၃

                       ( Unicode )

"ခင်ဗျားတို့ဘယ်သူလဲ! ဒီကို ဘယ်လိုဝင်လာရဲတာလဲ "

ဒီလိုတိတ်ဆိတ်တဲ့နေရာတစ်ခုမှာတော့ ရှန်မီယောင်းရဲ့ဒေါသသံကဟိန်းထွက်လို့နေသည်။ တဆက်တည်းမှာပဲ ရှန်မီယောင်းက သူ့လူတွေကိုခေါ်မလာမိတာကိုလဲနောင်တရသွားသည်။ ဟွားသခင်ကြီးနဲ့ သခင်မကလည်း ရှန်မီယောင်းရဲ့တုန့်ပြန်ပုံကိုကြည့်ပြီး တဒဂ်မင်သက်သွားခဲ့သည်။

သူတို့က သူတို့သားလေးရဲ့နောက်ကနေတိတ်တဆိတ်တောက်လျှောက်လိုက်ကြည့်ခဲ့ပေမယ့် သူ့သားငယ်လေးသွားဆော့နေကြကွင်ပြင်ကျယ်ကြီးက သူတို့ကိုယ်တိုင်အလုပ်သမားတွေခေါ်ပြီး ရှင်းလင်းပေးထားခဲ့တာနဲ့မတူတော့ဘူး အားလုံးပြောင်းလဲသွားပြီ။ ဒီနေရာက သာမာန်ကလေးကစားကွင်းတစ်ခုဖွင့်လို့ရအောင်ထိ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားပြီ စီးပွားရေးတစ်ခုအနေနဲ့ဖွင့်မယ်ဆိုရင်တောင်ဖွင့်လို့ရလောက်သည်။ ဟွားသခင်ကြီးနဲ့သခင်မနောက်ကလိုက်လာသည့်တိုင် သူတို့သားလေးလေးကနည်းနည်းမသိခဲ့ဘူး။ အရင်ဆုံး ဒီကွင်းပြင်ဆီရောက်တာနဲ့ သူတို့သားငယ်လေးက ကောင်လေးတစ်ယောက်ကို ' ကိုကို ' လို့ခေါ်ပြီး ပြေးဖက်ထားတာကိုကြည့်ပြီး ထိုကောင်လေးအပေါ်မှာသူတို့သားလေးခင်တွယ်မှု့ကိုမြင်လိုက်ရတယ် အဲ့လိုပဲ တဖက်ကပွေ့ဖက်ပြီးစောင့်ကြိုနေတဲ့ကောင်လေးရဲ့မျက်ဝန်းထဲမှာလည်း ချစ်ခင်မှု့အပြည့်။ အဝေးကကြည့်ယုံနဲ့တင် ထိုကလေးနှစ်ယောက်ရဲ့နက်ရှိုင်းတဲ့သံယောဇဥ်ကိုမြင်တွေ့နိုင်သည်။

သူတို့လင်မယားအနားကပ်လာတဲ့အချိန်မှာ အဆော့မက်တဲ့သားငယ်လေးကမသိပေမယ့် နားပါးလွန်းတဲ့ထိုကောင်လေးက သားငယ်လေး ကို ကာကွယ်ဖို့ ချက်ချင်းပွေ့ချီပြီး သူမတို့ကို ရန်သူလို မျက်လုံးတွေနဲ့ ကြည့်ကာမေးနေသည် ။

" စိတ်လျှော့ပါ အန်တီတို့ကသားငယ်လေးရှန်းကူရဲ့မိဘတွေပါ။ မင်းကိုထိခိုက်စေဖို့ရည်ရွယ်ချက်မရှိပါဘူး "

ဟွားသခင်မပြောတာကိုမယုံကြည်တဲ့အကြည့်တွေနဲ့တိတ်ဆိတ်စွာကြည့်နေတဲ့ထိုကောင်လေးက ယခုအသက်အရွယ်နဲ့မလိုက်ဖက်စွာ ရင့်ကျက်ပြီး သတိရှိလွန်းနေသည်။ ရှန်းကူလေးကိုဖက်ထားတဲ့ရှန်မီယောင်းကလည်း သူ့ရှေ့မှာရှိတဲ့ ရှန်းကူလေးမိဘတွေလို့ပြောနေတဲ့ လူနှစ်ယောက်ကိုကြည့်ကာ မယုံကြည်ပေ။

 BABY IS MY LIFE Where stories live. Discover now