ကျွန်တော့်ခံစားချက်ကိုနည်းနည်းလောက်အသိအမှတ်ပြုပေးပါလား ရှင်းရယ်

67.4K 4.9K 624
                                    

အပိုင်း ၃၂။ ကျွန်တော့်ခံစားချက်ကိုနည်းနည်းလောက်အသိအမှတ်ပြုပေးပါလား ရှင်းရယ်။

                         ( Unicode )

ဂျပန်နိုင်ငံ ။

ဂျပန်နိုင်ငံရဲ့စီးပွားရေးလောက်တွင် ရူနိုဆူကဲ ခေါ် ရှန်မီယောင်းရဲ့သတင်းတွေက လေနဲ့အတူ​မွှေးပြန့်နေခဲ့သည် ။စီးပွားရေးလောကရဲ့ပြိုင်ဘက်ကင်းရှန်မီယောင်းဟာ သူ၏နောက်ခံသည်လဲ တွက်ဆမရလောက်အောင်ကြီးကျယ်ခမ်းနားနေပေမယ့် ထွက်ရှိလာတဲ့သတင်းအရ ရှန်မီယောင်းရဲ့ချစ်ရသူဟာ ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက် ဆိုတဲ့သတင်းပင်။

ရှန်မီယောင်းရဲ့ထိုကောင်လေးကိုဆက်ဆံပုံကိုမြင်လိုက်ရတဲ့ ထိတ်တန်းသူဌေးကြီး ရှယ်ယာရှင်တွေဟာ မယုံကြည်နိုင်လောက်အောင်အံအားသင့်နေခဲ့ပြီး ဒီလိုသတင်းတွေထွက်လာခဲ့သည် ။
ရှန်မီယောင်းရဲ့အခုလိုလူစိတ်ဝင်စားမှု့အများဆုံးသတင်းတွေကြောင့် Company ရဲ့ ရှယ်ယာဈေးတွေလဲ တဟုန်ထိုးတတ်လာတာကြောင့် ရှယ်ယာရှင်တွေကတော့ ဝမ်းသာမဆုံးပေါ့ ။

သို့ပေမယ့် ထိုသတင်းကြောင့် ဝမ်းမသာနိုင်သူမှာ တာကဲရူ ။

ဓားလေ့ကျင့်ရေးခန်းမှာ ဝတ်စုံအနက်ရောင်ကိုဆင်မြန်းကာ သံခေါင်းစွပ်ကိုအုပ်ထားပြီး ရှည်လျှားတောက်ပြောင်တဲ့ဓားနဲ့ လေ့ကျင့်ရေးလုပ်နေတဲ့ တာကဲရူ သည် ရှန်မီယောင်းပြီးရင် ဒုတိယအရက်စက်ဆုံး မှောင်ခိုဂိုဏ်းခေါင်းဆောင်ပင် ။
လေ့ကျင့်ရေး လုပ်နေစဉ်မှာ တာကဲရူသည်သူ့လူယုံပြောပြတဲ့သတင်းစကားကိုကြားပြီး ဘယ်လိုမှ စိတ်မတည်ငြိမ်နိုင်ပဲ ဒေါသပုန်ထလာသည် ။သုသေသီမိသားစုထဲက ကလေးတစ်ယောက်ဟာ တစ်ချိန်ကရှန်မီယောင်းရဲ့ရင်နှစ်သည်းခြာမို့ အပြတ်ရှင်းခဲ့သည့်ကိစ္စ။ အဲ့ကိစ္စကို တစ်စုံတယောက်ကလိုက်ဖော်ထုတ်နေပေမယ့် တာကဲရူ ကတော့ ထိုလူဟာရှန်မီယောင်းဖြစ်မှန်းသိသည်။

သို့သော် ရှန်မီယောင်းဘက်က သူ့အပေါ်တစ်စုံတစ်ခုတုံ့ပြန်လာမည်ကိုစောင့်နေသော်လည်း အခုချိန်ထိဘာတစ်ခုမှမထူးခြားတာကြောင့် ထူးဆန်းနေသလိုထင်ခဲ့သည်။

 BABY IS MY LIFE Where stories live. Discover now