နင်ဒီညသေကိုသေရမယ် ရှန်းကူ

38.4K 3.8K 343
                                    

အပိုင်း ၅၄ ။ နင်ဒီညသေကိုသေရမယ် ရှန်းကူ

                       ( Unicode )

ရှန်းကူလေးသည် သူသဘောကျတဲ့အရုပ်ဖြူလေးကိုဖက်ပြီးဘေးတစ်စောင်းအိပ်ပျော်နေတော့သည် ။ ရှန်မီယောင်းအခန်းထဲပြန်ဝင်လာတဲ့အထိပင် ရှန်းကူလေးမနိုးသေးပေ ။ ရှန်မီယောင်း ဟာ ရှန်းကူလေးအပေါ်အချစ်ကြမ်းထားတဲ့အမှတ်အသားတွေဟာ လက်ခုံလေးတွေပင်ရဲရဲလေးဖြစ်လို့နေသည် ။ ကလေးငယ်ရဲ့ အသားရည်က နူးညံ့မှု့အပြည့်နဲ့အသားရောင်က ကြွေလိုဥဆင်းနေတာဟာ ကြမ်းတမ်းတဲ့ရှန်မီယောင်းလက်ကိုကိုင်တဲ့အချိန်တိုင်းပင် နာသွားမလား အမြဲစိုးထိတ်နေရသည် ။

ရှန်မီယောင်း သည် ရှန်းကူလေးနှဖူးပေါ်ကျဆင်းနေတဲ့ဆံပင်လေးတွေကိုသပ်တင်ကာ ပြုံးနေသည် ။

* အိပ်နေတဲ့ပုံလေးကတောင် အရမ်းချစ်ဖို့ကောင်းတယ် *

ထို့ကြောင့် ရှန်မီယောင်းသည် ရှန်းကူလေးရဲ့ပါးပြင်ကိုဖွဖွနမ်းကာတိုးတိုးလေးကပ်ခေါ်နိုးလိုက်သည်။

" Baby .. ကိုယ့်ကလေးလေး ထတော့လေ "

ညင်သာစွာတိုးတိုးလေးပြောလိုက်တဲ့ ရှန်မီယောင်းရဲ့လေငွေ့နွေးနွေးလေးကပင် ရှန်းကူရဲ့နှခေါင်းထိပ်လေးသို့ထိနေသည် ။ ထို့နောက် ဖြေးညင်းစွာဖွင့်လာတဲ့ မျက်ခွံမို့မို့လေးအောက်က အလှပဆုံးသောမျက်ဝန်းအိမ်လေးတို့ပွင့်လာပြီးနောက် နှင်းဆီဖူးနှုတ်ခမ်းလွှာဆီကအပြုံးတို့ချိုမြိန်စွာဖြစ်ပေါ်လာသည် ။ ရှန်းကူလေးဟာ သူ့မျက်နှာအနားနားရှိနေတဲ့ ရှန်မီယောင်းကိုတွေ့လိုက်တဲ့အချိန်မှာ သူ့ပါးပြင်ပေါ်မှာရှိနေတဲ့ ရှန်မီယောင်း လက်တို့ကိုကိုင်လိုက်ပြီး သူ့ပါးလေးပွတ်သပ်ကာ ကြောင်ပေါက်လေးလို့ချွဲနေသည် ။

" နိုးနေတာကြာပြီလား ကိုကို "

ကွဲအပ်တဲ့အသံသေးသေးလေးကိုကြည့်ခြင်းအားဖြင့် ရှန်မီယောင်းရဲ့ကလေးငယ်က ချစ်နေတဲ့အချိန်အတွင်းအော်ညီးသံများသွားပုံပဲ ။ ဒါကိုတွေးမိတော့ ရှန်မီယောင်းနှလုံးသားလေးပြည့်နှက်သွားရသည် ။

" ဒီနေ့ ဖွင့်ပွဲတတ်ရမယ်လေ၊ Baby အဆင်ပြေရဲ့လား"

" အာ .. ဟုတ်တာပဲ "

 BABY IS MY LIFE Dove le storie prendono vita. Scoprilo ora