ရက်စက်ခြင်းရဲ့နိဒါန်း

165K 7.8K 211
                                    

အပိုင်း ၁ရက်စက်ခြင်းရဲ့နိဒါန်း

                          ( Unicode )

ဂျပန်နိုင်ငံ တိုကျိုမြို့။

ကျယ်ဝန်းလှတဲ့ အဆောက်အဦးကြီးထဲမှာ ဓားသံများတစ်ချွန်ချွန်နဲ့မြည်ဟီးကာ တိုက်ခိုက်သံအားဆူညံစွာ​ဖြင့်ကြားနေရသည်။ ထိုအခန်းအတွင်းအဓိကဦးဆောင်သူကတော့ ရူနိုဆူကဲ (ခေါ်) ရှန်မီယောင်း ။

( ရူနိုဆူကဲ အဓိပ္ပါယ်သည် နဂါးမင်း၏သားတော် ) ဟု အဓိပ္ပါယ် ရသည် ။

ထို့အတူ ဒီတိုက်ခိုက်ရေးအခန်းထဲမှာ ရှိနေတဲ့လူတွေသည်လဲ တိုက်ခိုက်နေဆဲဖြစ်တဲ့ သူတို့ရဲ့ သခင်ကြီးအား ရင်တမမ နဲ့ စိုးထိတ်စွာကြည့်နေရသည်။တကယ်တမ်း သူတို့စိုးရိမ်နေသည်မှာ အခုနေတိုက်ခိုက်နေတဲ့ တပ်သားအစားနောက်တစ်လှည့်မှာ သူတို့တွေအလှည့်ရောက်လာမည်ကိုလွန်စွာစိုးရိမ်နေသည်။

*ချွမ် * ချွမ် *!

သခင်ကြီး ဟု အများသူငှာအားလုံးခေါ်ဝေါ်နေကြတဲ့ ထိုလူသည် အသက်အားဖြင့် 26 နှစ်ဖြစ်သည်။ သို့သော် အပေါ်ယံ အသက်အရွယ်ကိုကြည့်ခြင်းအားဖြင့် လူငယ်တစ်ယောက်ဟုဆုံးဖြတ်မိရင်တော့မှားလိမ့်မယ်။ သူသည် ရက်စက်ခြင်းကိုသားရဲတစ်ကောင်လိုခုံမင်တတ်ပြီး သူ့အားသစ္စာဖောက်သူတို့၏အဆုံးသတ်အား အဆုံးစမရှိသောနာကျင်ခြင်းကိုပင်ပေါ်မွေ့တတ်သော သွေးအေးနတ်ဆိုးတစ်ကောင်ဖြစ်သည်။ သွေးအေးရက်စက်တတ်သော ထိုသူကိုထိရဲမည့်သူဟာ ဒီကမ္ဘာမှာမရှိလောက်ပေ။

သူ့ဘဝမှာနောက်ပြန်လှည့်ကြည့်စရာမရှိသလို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှသနားညှာတာမှု့မရှိ။ ထို့ကြောင့်လဲ အခုလိုအားလုံးရဲ့ထိပ်မှာ ရပ်တည်နေနိုင်တာ​ဖြစ်မည်။

ရှန်မီယောင်းရဲ့အဖွားဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး အဖိုးသည်ယခင်တော်ဝင်မျိုးဆက်တစ်ဦးဖြစ်သလို အင်အားကြီးမားသည့်ဂျပန်မှောင်ခိုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ရှန်မီယောင်းအဖေ သည် တရုတ်နဲ့ဂျပန်လူမျိုးကမွေးတဲ့ကပြားတစ်ယောက်ဖြစ်သည်။ ဒါ့အပြင် ရှန်မီယောင်း မွေးမိခင် ဟာ ဂျပန်နိုင်ငံသူအဖြစ်ခံယူထားသော တရုတ်လူမျိုးစစ်စစ်ဖြစ်နေတာကြောင့် အခုခါမှာ ရှန်မီယောင်း  သည် ကပြားတစ်ယောက်ဖြစ်နေသည်။

 BABY IS MY LIFE Where stories live. Discover now