ကိုကို့ ကိုမုန်းတယ်

52.2K 4K 219
                                    

အပိုင်း ၃၈ ။ ကိုကို့ ကိုမုန်းတယ်

                        ( Unicode )

Li Company ။

လွန်ခဲ့တဲ့တစ်ပတ်က စုံစမ်းခိုင်းထားတဲ့ DB Ceo ရဲ့ကောင်လေးအကြောင့် သည် အခုတော့သူရှေ့က စားပွဲမှာဖိုင်တစ်ခုအဖြစ်ရောက်ရှိနေခဲ့ပြီ ။
ထိုစားပွဲပေါ်မှာတင်ထားတဲ့ ဖိုင်အကြောင်းရာတစ်ချို့ကိုကြည့်ရင်း လီဟန်ရှင်းအတွေးတွေပြန့်လွင့်နေသည် ။လီဟန်ရှင်းအတွင်းရေးမှူးပြောသလိုပဲ ထိုကောင်လေးအနားမှာအမြဲတမ်းလိုလိုသက်တော်စောင့်တွေရှိနေတာကြောင့် အနားကပ်ဖို့နေနေသာသာ အဝေးကဓာတ်ပုံရိုက်ရင်တောင် အတော်ကြိုးစားယူရတဲ့အနေအထားပါ ။

အခုတော့ ခက်ခက်ခဲခဲနဲ့ရလာတဲ့ ထိုကောင်လေးရဲ့ နေ့စဉ်လှုပ်ရှားမှု့ပုံလေးတွေ အပြုံးလေးတွေနဲ့ ကိုယ်ရေးအကျဉ်းက လီဟန်ရှင်းကို အတွေးများစေသည် ။ ထိုကောင်လေးရဲ့ကိုယ်ရေးအကျဉ်းထဲမှာဖော်ပြချက်အရ ရှောင်အိမ်တော်ရဲ့သားအငယ်ဆုံး ဆိုသည့်အကြောင်းပင် ။သို့ပေမယ့် အခုခါမှာ ထိုကောင်လေးရဲ့အုပ်ထိန်းသူဟာ ရှန်မီယောင်းဖြစ်သည် ။ ရှန်မီယောင်းဆိုတဲ့လူသည် ထိုကောင်လေးကိုရတနာတစ်ခုလို ဂရုတစိုက်ထားတာမို့ ထိုကောင်လေးဟာ အခုချိန်မှာ သူ့မိဘတွေဖြစ်တဲ့ ရှောင်အိမ်တော်နဲ့ပင် အဆက်အသွယ်မရှိ ။

* မင်းလေးက တကယ်ပဲ အဲ့ကလေးလေးများလားကွာ *

ထိုစဉ် လီဟန်ရှင်းရုံးခန်း TV မှာပေါ်လာတဲ့ ခေါင်းစီးသတင်းကြီးတစ်ပုဒ် ။

- ယနေ့ည ၂: ၃၄ မိနစ်အချိန်တွင် ရှန်ဟိုင်မြောက်ဘက်လူချမ်းသာမြေကွက်အတွင်း ရှောင်မိသားစုရဲ့အိမ်တော်တွင် လျှပ်စစ်ဗို့အားကြီးမားပြီး တ​တော်တဆကြီးမားတဲ့ပေါက်ကွဲမှု့ကြောင့် စိတ်မကောင်းစွာ တစ်အိမ်လုံးသေဆုံးမှု့ဖြစ်သွားပါတယ်။လက်ရှိမှာတော့ တာဝန်ရှိသူတွေက ထိုအကြောင်းအရာနဲ့ပက်သတ်ပြီးဆက်လက်စုံစမ်းနေတုန်းအချိန်ဖြစ်ပါတယ် -။

" ကြားရတဲ့သတင်းကစိတ်မကောင်းစရာပဲ .. မင်းလေးအတွက်တော့ တကယ်စိတ်မကောင်းပါဘူး ကောင်လေးရေ "

 BABY IS MY LIFE Unde poveștirile trăiesc. Descoperă acum