မင်းကဘေဘီ့ကိုတရားစွဲချင်တာလား!🔞

77.2K 5K 558
                                    

အပိုင်း ၃၀ ။ မင်းကဘေဘီ့ကိုတရားစွဲချင်တာလား!

( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

" အကိုရှန် အဟင့်"

" အချစ်ကလေး !! "

စိုးရိမ်စိတ်များနေတဲ့ရှန်မီယောင်းရဲ့တုန့်ပြန်မှု့က သူမအတွက်လို့သာတစ်ထစ်ချတွေးထားတဲ့ကျန်းရှင်းယွင့်ဟာ နာကျင်နေတဲ့ ခြေထောက်ကိုပို၍မူပိုဟန်အပြည့်နဲ့မျက်ရည်တွေပင်ဝေ့သီလို့လာသည်။ နံဘေးမှာရှိနေတဲ့ဝန်ထမ်းတစ်ချို့ဟာလည်း ရှန်မီယောင်း နှုတ်ကနူးညံ့တဲ့အသုံးနှုန်းအပြင် အရမ်းစိုးရိမ်နေတဲ့ပုံစံကြောင့်အံအားသင့်နေသလို..ရွမ်းဝူတို့သည်လည်း ကျန်းရှင်းယွင့်သာလျှင် ရှန်မီယောင်းချစ်သူ ဆိုတဲ့အမှန်တရားကအမှန်လားလို့ထင်မှတ်သွားမိသည်။ အကယ်၍ အဲ့အရာသာအမှန်တရာဆိုရင် ရှန်းကူကရော? ။

ထိုအချိန်မှာ ဖန်းဇီနဲ့ရွမ်းဝူက ရှန်းကူလေးဘက်ကိုကြည့်လိုက်တော့ ခေါင်းငုံ့ကာမျက်ရည်ဝဲလျှက် လက်ဆီကအလောင်ဒဏ်ရာကိုတဖက်လက်နဲ့ဖုံးကွယ်ပြီး စို့ရွံ့နေပုံရသည်။

သို့သော် ဘယ်သူမှမထင်မိလိုက်တာဟာ ရှန်မီယောင်းရဲ့ပြတ်သားလှတဲ့တုန့်ပြန်မှု့နဲ့ တွေဝေခြင်းမရှိနူးညံ့တဲ့စကားတွေအားလုံးဟာ ထိုသူမအတွက်မဟုတ်ဘူးဆိုတာပင်။

ရှန်မီယောင်းသည်ဝမ်းနည်းမှု့အတိုင်းသားနဲ့မျက်ရည်လေးဝဲလျှက်ခေါင်းငုံ့ထားရင်းပင် နီရဲနေတဲ့နှာခေါင်းရဲလေးတွေက အတိုင်းကတွေ့နေရတဲ့ သူ့ကလေးငယ်အားကြည့်ပြီး ရှန်မီယောင်းနှလုံးသားကိုဆွဲဆုတ်လိုက်သလိုခံစားလိုက်ရသည်။ ဘေဘီကဘာကြောင့် ဒီကိုရောက်နေရတာလဲ? ။

ရှန်မီယောင်းသူမဘက်ဆီလှမ်းလာတာတွေ့တော့ ဝန်ထမ်းတစ်ယောက်အကူနဲ့မတ်တပ်ရပ်နေတဲ့သူမကမျက်ရည်စမ်းစမ်းနှင့်။

" အကိုရှန် အဲ့ကောင်လေး က...."

ကျန်းရှင်းယွင့်စကားပင်မဆုံးသေး ရှန်မီယောင်း သည် ရှန်းကူရှိရာဆီတန်းသွားပြီး ရင်ခွင်ထဲဆွဲဖက်ထားလိုက်တာကြောင့် အားလုံးကပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာအသံမှပင်ထပ်ထွက်မလာခဲ့ပေ။

 BABY IS MY LIFE Where stories live. Discover now