ဘေဘီအနားမှာရှိမယ်ဆို ကိုယ်ဘာမဆိုလုပ်မှာ

96.2K 6.5K 675
                                    

အပိုင်း ၁၄ ။ ဘေဘီအနားမှာရှိမယ်ဆို ကိုယ်ဘာမဆိုလုပ်မှာ ။

                           ( Unicode )

မနက်ခင်းတစ်ခုရောက်လာခဲ့တဲ့နောက်တစ်စုံတစ်ယောက် က ရင်ခွင်ထဲတိုးဝင်နေတယ် ဆိုတဲ့ အသိနဲ့ ရှန်မီယောင်း ရဲ့ လေးလံနေဆဲမျက်ဝန်းတစ်စုံဖွင့်ကြည့်လိုက်သည်။မျက်လုံးဖွင့်ဖွင့်ချင်း ခံစားလိုက်ရတာက မျက်နှာပေါ်က နေထိုးတဲ့အပူချိန်လေး လိုက်ကာကြားကတိုးထွက်လာတဲ့ နေရောင်ခြည်ရဲ့ နွေးထွေးမှု့ ။

ရှန်မီယောင်း ရဲ့ မနက်ခင်းတိုင်းမှာနေရောင်ခြည်ရဲ့နွေးထွေးမှု့ကိုမခံစားခဲ့ရတာနှစ်တွေအတော်ကြာခဲ့ပြီ။ ဒါ့အပြင် နံဘေးမှာအိပ်နေတဲ့ကလေးပေါက်စ က ရှန်မီယောင်းလက်မောင်းကိုခေါင်းအုံးကာသူ့ပေါင်တစ်ဖက်နဲ့အတင်းတွေခွထားပြီး ခါးကိုလည်းလွတ်ထွက်သွားမှာစိုးသည့်အလားဖက်ထားတဲ့ပုံစံလေးကသိပ်ချစ်ဖို့ကောင်းနေတာမို့ရှန်မီယောင်းသဘောကျပြုံးမိသည် ။

ထူးဆန်းတယ် ရှန်မီယောင်းရဲ့အခန်းမှာအရင်ကလိုပဲ တိတ်ဆိတ်နေပေမယ့် အရင်ကလို ခြောက်ကပ်နေတယ်လို့မခံစားရဘူး။ အရင်တုန်းက ခြောက်ခြားမှု့နဲ့ပွင့်လာရတဲ့ မျက်လုံးတွေက အခုတော့အေးချမ်းမှု့နဲ့ ဖွင့်နိုင်ခဲ့ပြီ။ အရင်တုန်းက ကြောက်လန့်ပြီးနိူးလာခဲ့ရင် အပြင်ဘက်မှာမှောင်နေပေမယ့် အခုတော့ တစ်စုံတစ်ယောက်ကြောင့် ပထမဦးဆုံးအကြိမ် အကြာကြီးအိပ်စက်နိုင်ခဲ့ပြီ။ အေးချမ်းတဲ့ မနက်ခင်းရဲ့နေရောင်ခြည်ကိုပါ ရှန်မီယောင်းခံစားနိုင်ခဲ့ပြီ။

မ​နေ့ညက ပုလင်းကွဲနဲ့ Baby ဆိုပြီး ထွင်းထားတဲ့အနာက သွေးပူတုန်းမို့ နာကျင်မှု့ကမသိသာသော်လည်း အခုတော့ အနာကရောင်ပြီးအတော်လေးနာကျင်သည်။ သို့ပေမယ့် ရှန်မီယောင်း ဘယ်လောက်ပဲ နာကျင်နေပါစေ အခုချိန်မှာတော့ မမှုပါ။ ဘာလို့ဆို ရှန်မီယောင်းရင်ခွင်ထဲက နတ်သားလေး ကရှန်မီယောင်းရောဂါအားလုံးအတွက်ဆေးတစ်ခွက်မဟုတ်လား။

ရင်ခွင်ထဲမှာရှိတဲ့အနွေးဓာတ်လေးဆီကမွှေးပြန့်တဲ့ကိုယ်သင့်ရနံ့လေးကိုရှုရှိုက်ကာအိမ်မက်နဲ့လက်တွေ့ကိုခွဲခြား၍ခံစားနေမိသည်။ ဒီလိုသာအမြဲတမ်းနေရမယ်ဆိုရင် နေရောင်အောက်မှာရှိတဲ့တန်ဖိုး​ကြီးမားပါတယ်ဆိုတဲ့ ဘယ်လိုအရာမျိုးနဲ့မဆိုလဲလှယ်နိုင်သည်။

 BABY IS MY LIFE Hikayelerin yaşadığı yer. Şimdi keşfedin