ဒရက်ကိုတစ်ယောက် စလေးသရင်းအိပ်ဆောင်ရှိသူ့အိပ်ရာပေါ်ထိုင်နေကာ ညကသူ့
ကိုဘယ်သူအဆောင်ပြန်ခေါ်လဲဆိုတာ သေချာတွေးနေလေသည်။"ညကငါ့ကို ဟယ်ရီချီလာတာလား?ဟယ်ရီက ငါ့ထက်သေးတာကိုငါ့ကိုမနိုင်လောက်ဘူး။ပြီးတော့
ငါတို့စလေးသရင်းအဆောင်ရဲ့လျှို့ဝှက်စကားကိုလည်း သိလောက်မှာမဟုတ်ဘူး။ ဒါဆို…ဟိုကော်ဘရာကောင်ချီလာတာတော့မဟုတ်ဘူးမလား?!?!"တွေးရင်းမျက်လုံး
ပြူးလာကာ ဘေးမှာအိပ်ရာသိမ်းပြီးကျောင်းဝတ်စုံလဲနေသော သီအိုဒေါအားမေးလိုက်သည်။"သီအို…မနေ့က ငါ့ကိုဘယ်သူအဆောင်ကို ပြန်ခေါ်လာလဲ?!?!"
ဒရက်ကိုရဲ့အလောတကြီးမေးသံကြောင့် သီအိုဒေါသည်ကြယ်သီးတပ်နေရာကနေ မော့ကြည့်လာပြီး မျက်နှာသေနဲ့ပြန်ဖြေလာသည်။
"စတုတ္တနှစ်က ဒေမီယန် ကော်ဘရာလေ။မင်းကို ကျောပိုးလာတာ။အိပ်ဆောင်ထဲထိ
သူပဲပို့ပေးသွားတာ။""တကယ်ကြီးလား?!?!သီအို!!မင်းလိမ်နေတာ မဟုတ်ဘူးမလား?!?!"
"ငါက ဘာလို့မင်းကိုလိမ်ရမှာလဲ?!?!အိပ်ရေးမဝသေးလို့လား?"
သီအိုဒေါရဲ့ဘောက်ဆတ်ဆတ်စကားကြောင့် ဒရက်ကိုကမျက်စောင်းထိုးလိုက်တော့ သီအိုဒေါက နာရီကိုကြည့်ရင်းပြန်ပြောလာသည်။ေ
"မင်းမြန်မြန်ပြင်ဆင်သင့်တယ်။အခုမနက်စာစားချိန်နီးနေပြီ။"
သီအိုဒေါရဲ့စကားကြောင့် ဒရက်ကိုတစ်ယောက်မျက်လုံးပြူးသွားကာ အိပ်ရာပေါ်က ခုန်ဆင်းကာ ရေချိုးခန်းထဲပြေးရတော့သည်။မျက်နှာသစ် သွားတိုက် ရေချိုးပြီးသည်နှင့် အဝတ်ဗီရိုကိုဖွင့်ကာ ကျောင်းဝတ်စုံကိုအမြန်ရှာရတော့သည်။ ကျောင်းဝတ်စုံရှာရင်း သူ့ရဲ့အပေါ်ရုံဝတ်ရုံတစ်ခုရဲ့ချိတ်ကိုလက်နဲ့တိုက်မိသွားလို့ ဝတ်ရုံကကြမ်းပေါ်ပြုတ်ကျသွားသည်။ဒရက်ကိုလည်း စုတ်သပ်လိုက်ရင်း ကျောင်းဝတ်စုံကိုအရင်ပြီးအောင်ဝတ်လိုက်ပြီးမှ ဝတ်ရုံကိုကောက်သိမ်းဖို့ပြင်တော့ ဝတ်ရုံရဲ့အိတ်ကပ်ထဲက တစ်စွန်းတစ်စထွက်နေတဲ့ စာရွက်ပိုင်းလေးကို တွေ့လိုက်လို့ ဆွဲထုတ်လိုက်သည်။ပြီးတော့ ဘာလေးလဲဆိုပြီး ဖွင့်ဖတ်မလို့အပြင်မှာ
လှေကားဝကနေ ပင်စီမရဲ့အသံစူးစူးကိုကြားလိုက်ရသည်။
YOU ARE READING
Saving Draco Malfoy (Draco x Harry)
Fanfictionနက်ရောင်ကျော်စွာတစ်ယောက်ဟယ်ရီပေါ်တာဘဝရောက်ကာဒရေဂိုမလ်ဖွိုက်းအားဗီလိန်ဘဝမှကယ်တင်ပြီးဗိုဒီမော့ဘက်တော်သားမဖြစ်အောင်ပြောင်းလဲပေးရန်systemတစ်ခုမှတာဝန်ပေးအပ်ခြင်းခံရသောအခါမူလဟယ်ရီနှင့်မတူခြားနားသောဟယ်ရီပုံစံဖြင့်ကြိုတင်သိရှိနေသောဘေးအန္တရာယ်များကိုဘယ်လိုရှော...