ဒမ္ဘယ္ဒိုးစကား

2.6K 333 61
                                    

Binတစ်ခုလောက်ပြောချင်ပါတယ်နော်။မနေ့ကပဲ fb မှာအာသာ အစ်မတစ်ယောက် fic rpထုတာခံလိုက်ရတာတင်ထားတာကိုတွေ့
လိုက်ရတယ်။Rp ထုတာအကောင့်ပါပျက်သွားတာ storyတွေလည်းအ
ကုန်ပျက်ပေါ့။Binလန့်သွားတယ်။ဒါကြောင့်readerလေးတွေထဲမှာBin
ရေးတာကိုမကြိုက်ရင် မဖတ်ပဲကျော်ပဲသွားကြပါလို့။Rpတော့မထုပါနဲ့
ဒီficလေးကတစ်အိမ်လုံးနဲ့ရန်ဖြစ်ပြီးရေးထားရတာပါ။မားသားကြီးကဖုန်းကိုင်တာသဘောမကျပါဘူး။မားသားလွတ်တဲ့အချိန်မတည်းခိုးရေးရလို့ပါ။ဒါလေးrpထုခံရရင်Binသတ်သေမတတ်ခံစားရမှာမလို့ကျေးဇူးပြု
ပြီးrpမထုကြပါနဲ့နော်။တောင်းပန်ပါတယ်နော်။
.............................................................................................
''ဖောင်းဆိုသည့်အသံကားဟယ်ရီသူ့နားကိုကပ်လာသောဒရက်ကို့ ကို
အမြင်ကတ်လာ၍ဒရက်ကို့လက်မောင်းကို ဆော်လိုက်သည့်အသံဖြစ်
ပြီး''အား''ဆိုတာကတော့ ဟယ်ရီဆော်တာခံလိုက်ရသည့်ဒရက်ကို့
အော်သံပင်။

''နာလိုက်တာ...ဟယ်ရီရယ်။ကြမ်းတမ်းလိုက်တာ''

''ဒါဆိုလည်း ဘာလို့အနားကပ်လာလဲ?ပြီးတော့...ဘာလှတာလဲ?!ချော
တယ်မလို့ပြော!!!မသိရင်ငါက ကောင်မလေးကျနေတာပဲ''

''တကယ်လည်း ကောင်မလေးနဲ့တူနေ...ဟေး!!ထပ်မရိုက်နဲ့နော်!!!"

ဒရက်ကိုလည်း ပြန်ပြောနေစဉ်ဟယ်ရီ့လက်ကမြောက်လာပြန်သဖြင့်
ဝေးရာကိုရှောင်ရင်းဆက်ပြောလိုက်သည်။ဟယ်ရီကမျက်စောင်းထိုး
ကာလက်ကိုချလိုက်မှ ဟယ်ရီ့နားပြန်ကပ်လာကာဟယ်ရီ့ပခုံးပေါ်
ခေါင်းမှီလိုက်သည်။

''ဟယ်ရီ...ငါပေးထားတဲ့လက်စွပ်ကော?"

ဟယ်ရီ့လက်ကိုကြည့်မိရာလက်စွပ်ကိုမတွေ့၍မေးမိတော့ဟယ်ရီကမှင်
သေသေနှင့်ပြန်ဖြေလာသည်။

''လွှတ်ပစ်လိုက်ပြီ''

အတည်ပေါက်နှင့်ပြောလာသောဟယ်ရီကြောင့်ဒရက်ကိုလန့်သွားကာ
ဟယ်ရီ့ကိုကြည့်လာသဖြင့်ဟယ်ရီကရယ်ပြလိုက်ကာပြန်ပြောလိုက်
သည်။

''စတာပါကွာ။ဒီမှာ...လည်ပင်းမှာဆွဲထားတယ်။လက်စွပ်က မတော်သေးဘူး''

ဟယ်ရီကလည်ပင်းမှာဆွဲထားသော လက်စွပ်လေးကိုပြလိုက်မှစိတ်ချ
သွားသည့်ပုံစံနှင့်ဟယ်ရီ့ပခုံးပေါ်ပြန်မှီသည်။

Saving Draco Malfoy (Draco x Harry)Where stories live. Discover now